Containers

ကြီးထွားနှုန်းမြန်ဆန်တဲ့ BAL Container Line က သင်္ဘောအသစ်များ စတင်မှာကြား

ကြီးထွားနှုန်းမြန်ဆန်တဲ့ BAL Container Line က သင်္ဘောအသစ်များ စတင်မှာကြား

 

အရှိန်အဟုန်ဖြင့် ကြီးထွားလာသော တရုတ်ကွန်တိန်နာ အော်ပရေတာ BAL Container Line က ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားပါတယ်။ ကုမ္ပဏီရဲ့  ပထမဆုံးသော အသစ်တည်ဆောက်မှု အမှာစာများ ဖြစ်ပါတယ်။

Clarkson Research Services ရဲ့ ထုတ်ပြန်ချက်အရ ဟောင်ကောင် စတော့အိပ်ချိန်း စာရင်းဝင် BAL Container Line က 14,000 teu အရွယ်အစားရှိ panamax ကွန်တိန်နာသင်္ဘော ၂ စီး ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Jiangnan Shipyard မှာ မှာကြားထားပြီး ၂၀၂၅ မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ နောက်ထပ် ၂ စီး ထပ်မံမှာကြားဖို့လည်း အစီအစဉ် ရှိပါတယ်။ ဈေးနှုန်းများကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။ 

 

 Alphaliner မှ ထုတ်ပြန်တဲ့ အချက်အလက်မှာတော့ 14,700 teu တင်ဆောင်နိုင်တဲ့ ကွန်တိန်နာသင်္ဘောတွေလို့ ဆိုပါတယ်။

 

BAL Container Line က ကြီးထွားနှုန်း အရှိန်အဟုန် ကြီးမားပါတယ်။ ကိုဗစ်စတင်ချိန်တွင် BAL Container Line က ထိပ်တန်း(၁၀၀) ကွန်တိန်နာသင်္ဘောလိုင်းများ စာရင်းတွင် မပါဝင်ပေ။ သို့သော် ယခုအခါ Alphaliner ရဲ့ အဆင့်စာရင်းတွင် နံပါတ် ၄၆ တွင် ရောက်ရှိနေပါတယ်။

ရှန်ဒေါင်ပြည်နယ် ကျင်ဒေါင်မြို့အခြေစိုက် BAL Container Line ကို Shandong Lcang International Logistics က  လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုအဖြစ် ၂၀၁၂ ဩဂုတ်လတွင် ထူထောင်ခဲ့ပါတယ်။

 စစချင်းတွင် တန်ချိန်ပေးအပ်သူ tonnage provider အဖြစ်စတင်ခဲ့ပါတယ်။ ကွန်တိန်နာတွေကို ဆိပ်ကမ်းငယ်တွေဆီ ပို့ဆောင်ပေးတဲ့  feeder သင်္ဘော ၅ စီးကို အငှားချထားပါတယ်။

 

tonnage provider အနေဖြင့်  မိမိပိုင်ဆိုင်တဲ့ သင်္ဘောမှ ကုန်တင်နိုင်တဲ့ တန်ချိန်ကို ငှားရမ်းသူထံ ပေးအပ်ပါတယ်။

ဆိုလိုသည်မှာ မိမိပိုင်တဲ့ သင်္ဘောကို သင်္ဘောလိုင်းတစ်ခုသို့ ချာတာငှားရမ်းတာမှာ အချိန်ကာလတစ်ရပ် သတ်မှတ်ပြီး ငှားရမ်းပါတယ်။ သင်္ဘောပိုင်ရှင် tonnage provider က သင်္ဘောသားတွေကို တာဝန်ယူရပါတယ်။ အာမခံကြေးအမျိုးမျိုးကိုလည်း ပေးဆောင်ပြီး အာမခံ ထားပေးရပါတယ်။ သင်္ဘောပြုပြင်ထိန်းသိမ်းမှုကိုလည်း လုပ်ဆောင်ပေးရပါတယ်။

 BCG 2

 BAL Container Line က နောက်တစ်ဆင့်မှာတော့   အာရှတွင်း ခရီးစဉ်များကို ကိုယ်တိုင် အော်ပရေတာအဖြစ် လုပ်ကိုင်ပါတယ်။

ခရီးစဉ်များ တိုးချဲ့ပြေးဆွဲခဲ့ရာမှာ  Emirates Shipping Line ရဲ့  GALEX service ခရီးစဉ် ခွင်တစ်ခု ဝယ်လိုက်ပြီး အရွေအာရှ- ပါရှန်းပင်လယ်ကွေ့ ခရီးစဉ်ကို ပြေးဆွဲပါတယ်။ Sinokor Merchant Marine ရဲ့ CSC မှာလည်း ခရီးစဉ် ခွင်တစ်ခု ဝယ်ပြီး တရုတ်-အိန္ဒိယ ပြေးဆွဲပါတယ်။

၂၀၂၁ ဇွန်လမှာ နောက်တစ်ဆင့် ဆန့်ထုတ်တဲ့အခါ အာရှ- ဉရောပ ခရီးရှည် ခရီးစဉ်ကို စတင်ပြေးဆွဲပါတယ်။ ပစိဖိတ်သမုဒ္ဒရာဖြတ်သန်း ခရီးရှည် ခရီးစဉ်ကိုလည်း စတင်ပြေးဆွဲပါတယ်။

#MyanmarLogisticsGuide 

 Telegram Channel

https://t.me/Guid4U

 

Read times
Rate this item
(0 votes)