Containers

ရုရှားကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတို့က အာရှသို့ ကိုယ်ထူကိုယ်ထ ကွန်တိန်နာလိုင်း ပြေးဆွဲ

ရုရှားကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတို့က အာရှသို့ ကိုယ်ထူကိုယ်ထ ကွန်တိန်နာလိုင်း ပြေးဆွဲ

 

ရုရှားမှ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း  freight forward များက ရုရှားဆိပ်ကမ်းများနှင့် တရုတ်နှင့်အိန္ဒိယတို့မှ ဆိပ်ကမ်းများအကြား ပြေးဆွဲမယ့် သင်္ဘောလိုင်းများ ကိုယ်ထူကိုယ်ထ ထူထောင်လိုက်ကြပါတယ်။

ရုရှားကို ပိတ်ဆို့အရေးယူထားတာကြောင့် တရုတ်နိုင်ငံမှ Cosco, သင်္ဘောလိုင်းမှတစ်ပါး အခြား ကမ္ဘာ့ကွန်တိန်နာလိုင်း အားလုံးနီးပါးတို့ ရုရှားဆိပ်ကမ်းများကို ပြေးဆွဲခြင်း မပြုတော့တဲ့အတွက် ကုန်စည်ပို့ဆောင်ရေးအတွက် ရုရှားနှင့် ကုန်သွယ်ဘက် နှစ်နိုင်ငံဖြစ်တဲ့ ဆတရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ခရီးစဉ်များ ပြေးဆွဲဖို့ စီစဉ်လိုက်ကြတာ ဖြစ်ပါတယ်။ 

 BCG 2

ရုရှားမှ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း နှစ်ခု ဖြစ်တဲ့  Swift Line နှင့်  Inteco Lines တို့က  ရုရှားအရှေ့ဖျားနှင့် တရုတ်နိုင်ငံတို့အကြား  ကွန်တိန်နာ ပို့ဆောင်ရေးအတွက် သင်္ဘောခရီးစဉ်များ ပြေးဆွဲပါတယ်။ 

Swift Transport Group ရဲ့ လက်အောက်ခံလုပ်ငန်း Swift Line မှ ကြီးကြပ်စီစဉ်တဲ့ ခရီးစဉ်မှာ ရုရှားနိုင်ငံ Vostochny ဆိပ်ကမ်း နှင့် တရုတ်နိုင်ငံ Tianjin နှင့်  Taicang  ဆိပ်ကမ်းများသို့ တစ်လလျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြေးဆွဲပါတယ်။ ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ သင်္ဘော  Sol Hongkong ကို အသုံးပြုပါတယ်။  Sol Hongkong က အအေးပေးကွန်တိန်နာ လုံးရေ ၃၀ အပါအဝင် 650 teu ကျော် တင်ဆောင်နိုင်ပါတယ်။ 

Inteco Freight Forwarder Group ရဲ့ Inteco Lines က  ရုရှားနိုင်ငံ Vostochny ဆိပ်ကမ်း နှင့် တရုတ်နိုင်ငံ  Qingdao နှင့်  Ningboတို့အကြား ပြေးဆွဲပါတယ်။  Shenzhen သို့ ပုံမှန်ပြေးဆွဲဖို့လည်း စီစဉ်နေဆဲ ဖြစ်ပါတယ်။ 

ရုရှား ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း Modul က ရုရှားနှင့် အိန္ဒိယတို့အကြား ကွန်တိန်နာလိုင်း ပြေးဆွဲပါတယ်။ ရုရှားမှ ဆိပ်ကမ်းကြီး St Petersburg  နှင့် အိန္ဒိယမှ အကြီးဆုံးဆိပ်ကမ်း Nhava Sheva တို့အကြား ပြေးဆွဲပါတယ်။ 

St Petersburg သို့ ပြေးဆွဲတဲ့ ကွန်တိန်နာသင်္ဘော ပမာဏက ဖေဖော်ဝါရီလဆန်းပိုင်းမှာ 96,400 teu  ရှိခဲ့ပြီး ဇွန်လဆန်းမှာ 15,700 teu သာ ရှိတော့တဲ့အထိ လျော့ကျသွားပါတယ်။ 

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

Source Splash247

Read times
Rate this item
(0 votes)