Containers

ကုန်ဝယ်သူ/ ကုန်လက်ခံမည့်သူက လာမရွေး/ လာမထုတ်ယူတော့သောကုန်စည်

ဆိပ်ကမ်းမှာ ကုန်ချ ပြီးပေမဲ့ ကုန်လက်ခံရမယ့်သူက လာမရွေးယူတဲ့ ပြဿ နာဟာ NVOCC တွေအတွက် အမြဲပေါ်ပေါက်နေတဲ့ ပြဿ နာပါ။ NVOCC ဆိုတာ Non Vessel Operating Common Carrier ကိုခေါ်ပါတယ်။ သင်္ဘောကိုကိုယ်တိုင် မဆွဲတော့ဘဲ l Shipper ဆီက ကုန်ကိုပို့ပေးဖို့ ကုန်လက်ခံပြီး အမှန်သယ်ပေးမယ့် သင်္ဘောလိုင်း (actual carrier) ကိုပြန်အပ်ပြီး သင်္ဘောခခြားနားချက်ကို စားတဲ့သူပါ။ အချို့ NVOCC တွေက သင်္ဘောလိုင်းမှာ နေရာ Slot ကိုငှားယူထားပြီး သူလက်ခံထားတဲ့ ကုန်သေတ္တာတွေကို တင်ပေးလိုက်တာပါ။ Freight Forwarder နဲ့မတူတာက NVOCC တွေကသူကိုယ်တိုင် ကုန်သယ်ဆောင်သူ contracting Carrier အနေနဲ့ Shipper ကို House bills of lading ထုတ်ပေးပါတယ်။Carrier ရဲ့ တာဝန်ကိုယူပါတယ်။ သင်္ဘောလိုင်းမှာ ကုန်သေတ္တာပြန်တင်တဲ့ အခါကြတော့ NVOCC က shipper အနေနဲ့ ပြန်တင်တာပါ။သင်္ဘောလိုင်းက ထုတ်ပေးတဲ့ Master B/L ရဲ့ Shipper name နေရာမှာ NVOCC ရဲ့အမည်ကိုဖေါ်ပြပါတယ်။

Freight Forwarder ကတော့ Shipper ရဲ့ Agent အနေနဲ့ဘဲ သင်္ဘောလိုင်းကို ကုန်သေတ္တာတင်ပါတယ်။သူရဲ့ B/L ထုတ်မပေးတော့ပါဘူး။ Carrier တာဝန်မယူပါဘူး။ကုန်ဝယ်သူလာမရွေးတဲ့ အတွက်နောက်ဆက်တွဲ အကျ ို းဆက်နဲ့ ကုန်ကျ စရိတ်တွေလျော့ပါးစေဖို့ ဒီလို ပြဿ နာ ဖြစ်နိုင်တဲ့ ကုန်စည်တင်ပို့မှုကိုစောစော ရွေးချယ်ဖေါ်ထုတ်နိုင်ဖို့လိုပါတယ်။

6Th floor 2

ဥပမာ B/L ကိုပြန်အပ်တာမျ ိုး (Surrendered B/L ) ဆိုရင်သတိထားဖို့လိုပါတယ်။ ဒါ့အပြင် ကုန်စည်ကိုမရွေးယူတော့ဘဲ စွန့်ပစ်လေ့ရှိတတ်တဲ့ ကုန်စည်မျိုး တို့ကိုမှတ်တမ်းထားပြီး အလားတူကုန်စည်မျ ိုး တင်ပို့ပါက သတိထားစောင့်ကြည့် စစ်ဆေးဖို့လိုပါတယ်။

အရောင်းအဝယ်အတက်အကျမြန်ပြီး ဆိပ်ကမ်းကို ကုန်စည်ရောက်လာတဲ့အချိန်မှာ အရောင်းထိုင်းပြီး ဈေးကျနေတဲ့ ကုန်စည်မျိုးကိုလာရောက်ထုတ်ယူ ခြင်းမရှိတတ်သလို ကုန်တင်သွင်းသူအနေနဲ့ ငွေကြေးအခက်အခဲတွေ့နေရင်လည်း ကုန်ထုတ်ယူဘို့ ကြန့်ကြာတတ်ပါတယ်။ အဲဒီကုန်မျိုးကို uncleared cargo လို့ခေါ်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

တစ်ခါတစ်ရံ သင်္ဘောလိုင်းနဲ့ ကုန်တင်ပို့သူ အငြင်းပွားမူဖြစ်ပြီး ကုန်ထုတ်ယူဖို့ အချိန် ကြန့်ကြာသွားပြီး စားရိတ်တွေ တက်ကုန်ကာ ကုန်ပစ္စည်းတန်ဖိုးထက် charges တွေပိုများလို့ မထုတ်ယူတာလည်းရှိပါတယ်။ ရောင်းသူဘက်က sale contract ချိုးဖေါက်လို့ဖြစ်စေI ကုန်စည်တွေ ပျက်စီးနေလို့ဖြစ်စေ ဝယ်သူဘက်က လာမထုတ်တာ လည်းရှိပါတယ်။

ကုန်တင်သွင်းမှုကိုကန့်သတ် ပိတ်ပင်ထားတဲ့ ကုန်စည်မျိုး (contraband)I ကုန်သွယ်မှု ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံကတင်သွင်းလာတဲ့ ကုန်စည်မျိုး ( sanction)I စွန့်ပစ်ပစ္စည်း နဲ့ အတိုအစတွေ (waste/ scrap)I ကုန်ပစ္စည်းအတုတွေ (counterfeit)I အကောက်ခွန်က သတိထား စောင့်ကြည့်ခံနေရတဲ့ ကုန်တင်သွင်းမှုI အကောက်ခွန်ရဲ့ risk profiles ထဲမှာပါနေတဲ့ ကုန်တင်သွင်းသူရဲ့ သွင်းကုန်တွေဟာ လာရောက်ရွေးယူခြင်းမပြု ကြတော့ ဘဲစွန့်လွတ်လိုက်ကြပါတယ်။ အဲ့ဒီလို ကုန်စည်မျုးကို unclaimed cargo လို့ခေါ်ပါတယ်။

ဘယ်လိုကုန်စည်မျိုးကို ဘယ်လိုဆိပ်ကမ်းမှာ လာရောက်မထုတ်ယူဘဲစွန့်လွတ်တတ်တယ်ဆိုတာ သင်္ဘောလိုင်းတွေI NVOCC တွေအနေနဲ့မှတ်တမ်း ထားပြီး management system တစ်ခု ထူထောင်ထားဖို့လိုပါတယ်။ အဲ့ဒီလို ကုန်စည်မျိုးတွေဆိုရင်booking တင်ကတည်းက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ဖို့လိုပါတယ်။ "ယဉ်ယဉ်ကျေးကျေး" လို့သုံးလိုက်ရတာက သင်္ဘောလိုင်းတွေI NVOCC တွေဟာ လိုင်းဆွဲတဲ့ common carrier တွေဖြစ်လို့ သင်္ဘောမှာ နေရာရှိသေးရင်Iကုန်တင်ပို့လိုသူက ကြော်ငြာထားတဲ့ tariff freight ခကိုပေးဖို့သဘောတူရင်I ဥပဒေအရတားမြစ်ထားတဲ့ ကုန်စည်မဟုတ်ရင် ငြင်းပယ်ပိုင်ခွင့်မရှိပါဘူး။ tramp shippingမှာသာ စင်းလုံးဌားတဲ့ private carrier က မတင်ချင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။

ကုန်ချဆိပ်ကမ်းမှာ ကုန်လာရွေးယူဘို့ အချိန်တန်သော်လည်း လာမထုတ်ယူသေးတဲ့ ကုန်တွေI ကုန်လက်ခံမယ့် consignee က လာရွေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာပေါ်လွင်ရင် အဲဒီကုန်သေတ္တာကို unclaimed cargo လို့ သတ်မှတ်နိုင်ပါတယ်။ ဆိပ်ကမ်းမှာ ထားခွင့်ပေးထားတဲ့ free period ကာလ ကျော်တာနဲ့ ဆိပ်ကမ်းရက်လွန်ကြေး demurage နဲ့ အခြားကုန်ကျစားရိတ်တွေကို သက်ဆိုင်သူတွေက ကျခံပေးဆောင်ရပါတော့မယ်။ ရန်ကုန်ဆိပ်ကမ်းမှာ free period တစ်ပါတ်ပေးထားပါတယ်။ သင်္ဘောလိုင်းတွေကတော့ လိုင်းပေါ်မူတည်၍ လည်းကောင်းI ကုန်တင်ပို့တဲ့ပမာဏ ပေါ်မူတည်ပြီး ကုန်သေတ္တာအသုံးပြုခွင့် free period ၁ပါတ်မှ ၂ပါတ်ပေးလေ့ရှိကြပါတယ်။ Free period ကျော်သွားပါက ကုန်သေတ္တာရက်လွန်ကြေး detention ကောက်ပါတယ်။

သင်္ဘောလိုင်းအနေနဲ့ Shipper ကိုဆက်သွယ်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ Shipper ဟာ B/L ကို Cnsignee (သို့) Endorsee ကိုလွဲပေးလိုက်ပြီးသော်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေး ပဋိညာဉ် ( contract of carriage of goods )ကို Carrier နဲ့ မူလပြု လုပ်ခဲ့တဲ့ party တစ်ဦးဖြစ်လို့ contract အရ တာဝန်တွေဆက်ရှိနေပါသေးတယ်။ ဥပမာ သင်္ဘောခ, freight, demurrage နဲ့ deadfreight ကိုပေးဖို့တာဝန်ရှိသလို carrier သင်္ဘောလိုင်းကို ဆုံးရှုံ းနစ်နာမှုအတွက် လျော်ကြေး (indemnity) ပေးရန် တာဝန်ရှိပါတယ်။

အဲ့ဒါကြောင့် ကုန်လက်ခံမယ်သူအပြင် ကုန်တင်ပို့သူကိုပါ ဘယ်လိုဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာအဖြေရဖို့ (သို့) နစ်နာမှုအတွက် လျော်ကြေးတောင်းဖို့ အမြဲဆက်သွယ်နေရပါတယ်။သင်္ဘောလိုင်းအနေနဲ့ အရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းတွေက free period မကုန်မီ Shipper ရော Consignee ကိုရော ဆက်သွယ်ပြီး ကုန် သေတ္တာကိုရှင်းလင်းထုတ်ယူဖို့နဲ့ ပေးရန်ရှိသည့် ကုန်ကျ စရိတ်များပေးရန်နိုးဆော် ဖို့လိုပါတယ်။

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

Shipper နဲ့ Consignee တို့က အရေးတယူဆောင်ရွက်ခြင်းမရှိပါက ထပ်မံဆက်သွယ်ပြီး

- အခြား Consignee ပြောင်းမလား (သို့) အခြားကုန်ချ ဆိပ်ကမ်းတစ်ခုကို ကုန်သေတ္တာ ကိုပို့ပေးရမလား (သို့) မူလကုန်တင် ဆိပ်ကမ်း ကိုပြန်ပို့ရမလားညွှန်ကြားချက် တောင်းပါ။ (ဒါမှမဟုတ်) ကုန်သေတ္တာကိုစွန်လွတ်မလားမေးပါ။

-- ကုန်ချ ပြီး ၄၅ ရက် ထက်နောက်မကျ ဘဲတရားဝင် notice စာထုတ်ပါ။

-- ကုန်ချ ပြီးရက်ပေါင်း ၉၀ အတွင်း (အချ ို့ ဆိပ်ကမ်းတွေမှာ ရက်ပေါင်း ၁၈၀ အတွင်း) နောက်ဆုံးသတိပေးစာ final notice ထုတ်ပါ။

-- နောက်ဆုံးအနေဖြင့် သင်္ဘောလိုင်း/ NVOCC အနေဖြင့် သက်ဆိုင်ရာဆိပ်ကမ်းအာဏာပိုင်ကို လိုအပ် သလိုဆက်လက် အရေးယူဆောင်ရွက်နိုင်ပါ ရန် အကြောင်းကြားပေးပါ။ ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ကုန်သေတ္တာကို ထုခွဲရောင်းချပါလိမ့်မည်။ (ရန်ကုန်ဆိပ်ကမ်းမှာတော့ ၂လ ကျော် ကြာအောင်လာမရွေးသည့် ကုန်သေတ္တာများကို လေလံတင်ထုခွဲရောင်းချမည်ဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ၂၄( င)မှာ ပြဌာန်းထားပါတယ်။ )

Standard B/L အများစုတွင် ကုန်ပစ္စည်းပိုင်ရှင်က ကုန်ချဆိပ်ကမ်းမှာ ကုန်စည်ကိုလာရောက်လက်ခံ ထုတ်ယူဖို့ ပျက်ကွက်ခဲ့လျင် သင်္ဘောပိုင်ရှင်အနေဖြင့် ကုန်စည်ကို ဆိပ်ကမ်းမှချပြီး ကုန်လှောင်ရုံ၌ အပ်နှံလိုက်ပါက သယ်ယူပို့ဆောင်ရေးပဋိညာဉ်အရ တာဝန်ကျေပြီလို့ မှတ်ယူမည်ဖြစ်ငေ်းကြာင်း နှင့် သတ်မှတ်အချိန်ကျော် ပါက ကုန်စည်ကိုလေလံပြစ် ရောင်းချပြီး ရရန်ရှိသင်္ဘောခနှင့် အခြားအဖိုးအခ ကျသင့်ငွေများ ကို ရောင်းရငွေမှပြန်ယူမည်ဟု ဖေါ်ပြထားကြပါသည်။

NVOCC အနေဖြင့် Final notice ပေးပြီးတဲ့နောက် ဆိပ်ကမ်းအာဏာပိုင်ကို ကုန်စည်ကိုစွန်လွတ့်ကြောင်းစာ (Letter of Abandonment of Cargo) ကို Shipper/ Consignee ကိုယ်စားထုတ်ပြန်ပေးရပါတယ်။ကုန်တင်ပို့သူ (သို့) ကုန်လက်ခံမည့်သူထံမှ original B/ L ကို ပြန်အပ်ခိုင်းပါ။

လာမထုတ်ယူတဲ့ ကုန်သေတ္တာတွေအတွက် NVOCCs, Freight forwarder တွေအနေနဲ့ ဆိပ်ကမ်းမှာ ထပ်မံကုန်ကျတဲ့ စရိတ်တွေ (extra handling costs) ကို TT Club ( International Transport and Logistics Insurance) နဲ့ ITIC Club (Specialist Profession, Indemnity Insurance) လိုမျိုး အာမခံclub တွေမှာ memberဝင်ထားပြီး premium ပေးထားပါက ပြန်လျော်ပေးပါတယ်။ သင်္ဘောပိုင်ရှင်တွေ အနေနဲ့ကတော့ unclaimed/rejected cargoအတွက် extra handling costs ကို သက်ဆိုင်သူတွေ (shipper/consignee) ထံကတောင်းယူလို့မရနိုင်ပါက ကိုယ် member ဝင်ထားတဲ့ P&I club ကနေ ပြန်တာင်းယူနိုင်ပါတယ်။

Source : Thant Zin

Myanmar Logistics Guide

Read times
Rate this item
(1 Vote)