ကွန်တိန်နာသင်္ဘော ချာတာအငှား ဈေးခိုင်နေဆဲ
ကုန်စည်တစ်မျိုးမျိုး ရေကြောင်းပို့ဆောင်မှု လိုအပ်ချက် လျော့ကျသွားတဲ့အခါ ယင်းကုန်စည် ပို့ဆောင်တဲ့ သင်္ဘောအမျိုးအစားတွေရဲ့ ရေတိုငှားရမ်းခနှုန်းထားများ ကျဆင်းသွားလေ့ရှိပါတယ်။ ရေကြောင်းပို့ဆောင်မှု လိုအပ်ချက် များပြားလာတဲ့အခါ ငှားရမ်းခနှုန်းထားများ မြင့်တက်ပါတယ်။
ယခုအခါ ရေနံစိမ်း ပို့ဆောင်မှုပမာဏ လျော့ကျတဲ့အတွက် စူပါရေနံတင်သင်္ဘောကြီးများရဲ့ ငှားရမ်းခနှုန်းထားများ နိမ့်ကျနေပါတယ်။ တရုတ်ပြည်သို့ သံရိုင်းတင်သွင်းမှု လျော့ကျနေလို့ သံရိုင်းပို့ဆောင်တဲ့ ဝမ်းပုံသင်္ဘောကြီးများရဲ့ ငှားရမ်းခနှုန်းထားများ ကျဆင်းနေပါတယ်။
ဒီဇယ်၊ ဓာတ်ဆီ၊ ဂျက်လေယာဉ်ဆီ ပို့ဆောင်မှု များပြားနေလို့ ရေနံထွက်ပစ္စည်း ပို့ဆောင်ပေးတဲ့ ဆီတင်သင်္ဘောများရဲ့ ငှားရမ်းခများ မြင့်တက်နေပါတယ်။
အဲဒီလို အချိတ်အဆက်ကို ကွန်တိန်နာသင်္ဘောများရဲ့ ချာတာအငှားမှာ မတွေ့ရပေ။
ယခုအခါ ကွန်တိန်နာများ ရေကြောင်းပို့ဆောင်ရေးအတွက် လိုအပ်ချက် အလားအလာ ကျဆင်းနေပါတယ်။ ဒါပေမဲ့ ကွန်တိန်နာသင်္ဘော ချာတာအငှား နှုန်းထားများက ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။
Alphaliner ရဲ့ ထုတ်ပြန်ချက်မှာ BAL Container Line မှ သင်္ဘော Northern Prelude ဟာ ၂၀၀၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ကွန်တိန်နာသင်္ဘောဖြစ်ပြီး TEU ၄,၆၀၀ တင်ဆောင်နိုင်ပါတယ်။ ရက်ပေါင်း ၄၀~၆၀ ကာလအတွက် ချာတာအငှားကို တစ်ရက်လျှင် $160,000 ရရှိပါတယ်။
Zim ကွန်တိန်နာသင်္ဘောလိုင်းက ညီအစ်မ သင်္ဘောနှစ်စီး Seaspan Chiba နှင့် Seaspan Kobe တို့ကို ချာတာအငှား တစ်ရက်လျှင် $43,000 ရရှိပါတယ်။ အဆိုပါ သင်္ဘောနှစ်စီးကို ၂၀၁၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး အရွယ်အစားက 4,520-TEU ဖြစ်ပါတယ်။
Sinotrans က ၂၀၂၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးတဲ့ TEU ၂,၇၄၃ တင်ဆောင်နိုင်တဲ့ X-Press Mekong ကို ရက်ပေါင်း ၄၀~၄၅ ကာလအတွက် ချာတာအငှားကို တစ်ရက်လျှင် $149,000 ရရှိပါတယ်။
အရွယ်အစားငယ်တဲ့ 700-800 TEUတင်ဆောင်နိုင်တဲ့ ကွန်တိန်နာသင်္ဘောတွေက ချာတာအငှား တစ်ရက်လျှင် $20,000-$30,000 ရရှိနေကြပါတယ်။ SITC ကွန်တိန်နာ သင်္ဘောလိုင်းမှ ၂၀၀၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးတဲ့ 724-TEU တင်ဆောင်နိုင်တဲ့ အငယ်စား ကွန်တိန်နာသင်္ဘော Atlantic Pioneer ချာတာအငှား တစ်ရက်လျှင် $30,000 ရရှိပါတယ်။
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U
Source: freightwaves