၂၀၂၂ ဒုတိယ ၃ လပတ်တွင် OOCL ပို့ဆောင်သည့် ပမာဏ လျော့ကျသော်လည်း ဝင်ငွေပိုများခဲ့
၂၀၂၂ ဒုတိယ ၃ လပတ်တွင် OOCL ရဲ့ လုပ်ငန်းလည်ပတ်မှု ရလဒ်များ ထုတ်ပြန်ခဲ့ရာ ပို့ဆောင်သည့် ကုန်စည်ပမာဏ လျော့ကျသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်သည်။ သို့သော် ဝင်ငွေ တိုးသည်ကို တွေ့ရသည်။
OOCL ၏ ဝင်ငွေသည် ယခင်နှစ် အလားတူကာလထက် ၅၂.၄% ပိုများသည်။ အမေရိကန်ဒေ့်လာ ၅.၃ ဘီလီယံ ရရှိသည်။ ကုန်စည်သယ်ယသည့်ပမာဏ ၅.၆% လျော့ကျခဲ့သည်။ TEU ၁,၈၃၉,၀၅၀ ပို့ဆောင်ခဲ့သည်။
ပို့ဆောင်သည့် ပမာဏ လျော့ကျပါသော်လည်း ဝင်ငွေ တိုးရသည်မှာ နှုန်းထားမြင့်မားသည့် ကာလရှည် ကန်ထရိုက်များ ရရှိထားသောကြောင့် ဖြစ်သည်။
OOCL ၏ မိခင်လုပ်ငန်း OOIL က ဆိပ်ကမ်းများတွင် ကျပ်ဆို့နေမှုများကြောင့် ပို့ဆောင်ပေးနိုင်သည့် teu စုစုပေါင်း၏ ၆.၁% လျော့ကျစေခဲ့သည်ဟု ပြောကြားသည်။ ကွန်တိန်နာ သင်္ဘောများသည် ဆိပ်ကမ်းသို့ ရောက်ရှိသောအခါ ကမ်းကပ်ခွင့်ရဖို့ ရပ်နားထားရသည့် အချိန်များ ကြာမြင့်နေခဲ့သည်။ အပြည့်အဝ ပြေးဆွဲနိုင်ကြခြင်း မရှိခဲ့ချေ။
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြေးဆွဲသည့် ခရီးစဉ်များတွင် အမေရိကန်နိုင်ငံ အနောက်ဘက် ကမ်းခြေဆိပ်ကမ်းများ ကျပ်ဆို့နေသည်မှာ နာတာရှည် ရောဂါတစ်ခုသဖွယ် ဖြစ်နေသည်။ ယခုအခါ အရှေ့ဘက်ကမ်းခြေဆိပ်ကမ်းများတွင်လည်း ဆိပ်ကမ်းကျပ်ဆို့မှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ OOCL သယ်ယူပို့ဆောင်သည့် ပမာဏ လျော့နည်းစေခဲ့သည်။
ပစိဖိတ် ဖြတ်သန်းခရီးစဉ်များအတွက် တစ်နှစ်သက်တမ်း စာချုပ်အသစ်များ ချုပ်ဆိုရာတွင် မြင့်မားသော နှုန်းထားများဖြင့် ချုပ်ဆိုနိုင်ခဲ့သဖြင့် စာချုပ်အသစ် သက်တမ်းစတင်သည့်အခါ မြင့်မားသော နှုန်းထားအသစ်များဖြင့် ဝင်ငွေ ရရှိသဖြင့် ပျမ်းမျှချကြည့်ပါက ပစိဖိတ် ဖြတ်သန်းခရီးစဉ်များတွင် တစ် teu (ပေ ၂၀ ကွန်တိန်နာတစ်လုံး)အတွက် ကန်ဒေါ်လာ ၄,၃၆၅ ရရှိသည်။
ပစိဖိတ် ဖြတ်သန်းခရီးစဉ်များအတွက် လက်ငင်းပေါက်ဈေးမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဈေးနှုန်း ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ၂၀% ကျဆင်းခဲ့သည်။ တစ် teu လျှင် ကန်ဒေါ်လာ ၄,၀၀၀ အောက်သို့ ကျဆင်းခဲ့သည်။
အာရှ-ဥရောပ ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း OOCL ဝင်ငွေတိုးခဲ့ရာ ၃၆% တိုးခဲ့ပြီး ကန်ဒေါ်လာ ၁.၃၉ ဘီလီယံ ရရှိခဲ့သည်။ ပို့ဆောင်ခဲ့သည့် ပမာဏမှာ ၄၀၂,၈၃၆ teu ရှိပြီး အနောက်ဥရောပ ကွန်တိန်နာ အချက်အချာ ဆိပ်ကမ်းများတွင် ဆိပ်ကမ်း ကျပ်ဆို့မှုများ ကြုံရသည်။
အတ္တလန်တိတ်သမုဒ္ဒရာ ခရီးစဉ်များတွင်လည်း OOCL ဝင်ငွေတိုးခဲ့ပြီး ကန်ဒေါ်လာ ၃၇၂,၄၀၆ ရရှိခဲ့သည်။ teu ၁၁၂,၃၀၀ ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် ၁၈ လတာအတွင်း ဥရောပ-အမေရိက ခရီးစဉ်အတွက် လက်ငင်းပေါက်ဈေးများ မြင့်တက်ခဲ့သည်။ ပေ ၄၀ ကွန်တိန်နာတစ်လုံးအတွက် ကန်ဒေါ်လာ ၂,၀၀၀ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၈၀,၀၀၀ ခန့်အထိ မြင့်တက်သွားခဲ့သည်။ ဈေးနှုန်း အားပျော့သွားမည့် အလားအလာ မရှိသေးချေ။
OOCL ၏ အာရှတွင်းခရီးစဉ်များ၊ ဩစတေးလျ ခရီးစဉ်များတွင်လည်း ဝင်ငွေတိုးခဲ့ပြီး ကန်ဒေါ်လာ ၁.၄၅ ဘီလီယံ ရရှိခဲ့သည်။ ပို့ဆောင်ခဲ့သည့် ပမာဏမှာ ၈၄၉,၀၆၃ teu ရှိသည်။ ပျမ်းမျှနှုန်းထားမှာ ပေ ၂၀ ကွန်တိန်နာ တစ်လုံးလျှင် ကန်ဒေါ်လာ ၁,၇၁၃ ဖြစ်သည်။
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U
Source: gcaptain