Containers

အအေးခန်းကုန်သေတ္တာများနှင့်သက်ဆိုင်သည့်ကုန်ပျက်စီးမှုများ

အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးမှုသည် အဖြစ်များသော ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ ပျက်စီးမှုများတွင် ပုပ်သိုးခြင်း၊ အရည်ပျော်သွားခြင်း၊ အေးခဲသွားခြင်း၊ အမှည့်လွန်ခြင်း၊ ပွန်းပဲ့ခြင်းနှင့် အရောင်ပြောင်းသွားခြင်း စသည်တို့ပါဝင်သည်။

အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးရခြင်း အကြောင်းရင်းများ

6Th_floor_2.jpg

အအေးခန်း ကုန်သေတ္တာဖြင့် သားငါးနှင့် သစ်သီးဝလံများ အများဆုံး ထည့်သွင်းတင်ပို့လေ့ရှိပြီး ကုန်ပစ္စည်းပျက်စီးမှုမှာ အအေးပေးစက် ချို့ယွင်းခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်းစသည့် အကြောင်းများအပြင် အခြားအကြောင်းအရာ များလည်းရှိပါသေးသည်။ ၎င်းတို့မှာ-

အသီးအနှံများကို အချိန်မတိုင်မီ ရိတ်သိမ်း၍ ပို့ကုန်အဖြစ်တင်ပို့ခြင်း

အပူချိန်သတ်မှတ်ချက် မှားယွင်းခြင်း (Improper setting of temperature)

လူ၏အမှားအယွင်းကြောင့် ဖြစ်ပေါ်ခြင်း (ဥပမာ- အနှုတ်လက္ခဏာ မေ့ကျန်သွားသဖြင့် -5˚C အစား 5˚C ဟု မှားယွင်းသတ်မှတ်ခြင်း)

ကုန်သေတ္တာအတွင်း ကုန်ပစ္စည်း ထည့်သွင်းထားသိုပုံ မကောင်းသဖြင့် လေဝင်လေထွက်နှင့် လေလှည့်ပတ်မှု မကောင်းသည့်အတွက် ပျက်စီးခြင်း

အောက်ခံကြမ်းခင်းကို စနစ်တကျဆောင်ရွက်ခြင်း မပြုသဖြင့် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများ ရွေ့လျားကာ ပျက်စီးရခြင်း

အရည်အသွေးညံ့ဖျင်းသည့် ထုပ်ပိုးပစ္စည်းကို အသုံ:ပြုခြင်း

ကုန်ကိုင်တွယ်ရာတွင် အသုံးပြုသည့် စက်ကိရိယာမှ ဆီယိုစိမ့်သဖြင့် ကုန်ပစ္စည်းတွင် ညစ်ညမ်းမှုဖြစ်ခြင်း

ကုန်ပစ္စည်းကို ကုန်သေတ္တာ အတွင်းသို့ မထည့်သွင်းမီ ကြိုတင် အအေးခံထားရန်ပျက်ကွက်ခြင်း

Source : Shipping and Logistics

Myanmar Logistics Guide

Read times
Rate this item
(1 Vote)