တရုတ်သင်္ဘောကျင်းမှာ MSC ကွန်တိန်နာလိုင်းအတွက် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ရေချ
ကမ္ဘာအကြီးဆုံး ကွန်တိန်နာသင်္ဘောဖြစ်လာမယ့် 24,116 TEU အရွယ်အစားရှိ ကွန်တိန်နာသင်္ဘောကို ရေချကြောင်း China State Shipbuilding Corporation (CSSC)က ထုတ်ပြန်ကြေညာပါတယ်။
MSC Tessa လို့ အမည်ပေးထားတဲ့ ကွန်တိန်နာသင်္ဘောကြီးကို ဩဂုတ် ၁ ရက်မှာ ရှန်ဟိုင်းမြို့ Changxing ကျွန်းပေါ်တွင် တည်ရှိသော Hudong Zhonghua Shipbuilding သင်္ဘောကျင်းမှာ ရေချခဲ့ပါတယ်။
Hudong Zhonghua Shipbuilding သင်္ဘောကျင်းက နိုင်ငံပိုင်လုပ်ငန်း CSSC က ပိုင်ဆိုင်တဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပါတယ်။
4,116 twenty-foot equivalent units (TEU) အထိ တင်ဆောင်နိုင်တဲ့ MSC Tessa က တိုင်ဝမ်မှ Evergreen Marine Corporation ရဲ့ Evergreen ကွန်တိန်နာသင်္ဘောလိုင်းမှ လက်ရှိ အကြီးဆုံး ကွန်တိန်နာသင်္ဘောဖြစ်တဲ့ Ever Alot ထက် တင်ဆောင်နိုင်စွမ်း 112 TEU ပိုများပါတယ်။ Ever Alot ရဲ့ တင်ဆောင်နိုင်စွမ်းက 24,004 TEU ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး 24,000 TEU ကွန်တိန်နာသင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Ever Alot ကိုလည်း Hudong Zhonghua Shipbuilding က တည်ဆောက်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၂၂ ရက် မှာ တည်ဆောက်ပြီးစီးခဲ့ပြီး လက်လွှဲပြောင်းပေးခဲ့ပါတယ်။ Evergreen အတွက် တည်ဆောက်တဲ့ Ever Apex ကို ဇူလိုင်လ ၁၁ ရက်မှာ Evergreen ထံ လက်လွဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ အောက်ပါပုံမှာ အစိမ်းရောင်ကွန်တိန်နာသင်္ဘော ဖြစ်ပါတယ်။
MSC Tess အတိုင်းအတာများမှာ အရှည် 399.99 meters ရှိပြီး အကျယ် 61.5 meters ရှိပါတယ်။
သင်္ဘောကျင်းရဲ့အဆိုအရ အရွယ်အစား အကြီးမားဆုံး လေယာဉ်တင်သင်္ဘောထက် ၁၉၆ ပေ ပိုရှည်တယ်။ ဧရိယာက ဘောလုံးကွင်း အားကစားကွင်း ၄ ကွင်းစာ ရှိပါတယ်။
MSC Tess က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်း Mediterranean Shipping Company MSC မှ Hudong Zhonghua သင်္ဘောကျင်းထံ မှာကြားထားတဲ့ အလွန်ကြီးမားသော ကွန်တိန်နာ လေးစင်းအနက်မှ တစ်စင်း ဖြစ်ပါတယ်။ MSC Tess ကို ယခုနှစ်မှာ အပြီးအစီးတည်ဆောက်ပြီး MSC ကို လက်လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
မှာကြားထားတဲ့ ကွန်တိန်နာ ၄ စီးမှာ နံပါတ်စဉ်အရ MSC Tess က နံပါတ်(၁) ဖြစ်ပါတယ်။ နံပါတ်(၂) နှင့် (၃) တို့ တည်ဆောက်ဆဲဖြစ်ပြီး နံပါတ်(၄) ကို ယခု စတင်တည်ဆောက်ပြီလို့ CSSC က ပြောကြားပါတယ်။
ကွန်တိန်နာသင်္ဘော ၄ စီးကို MSC က ဒီဇိုင်းထုတ်ပါတယ်။ ဒါပေမဲ့ ဒီဇိုင်းအတွက် ဉာဏမူပိုင်ခွင့် ရယူခြင်း မပြုပါ။
MSC Tessa ရဲ့ အရွယ်အစားက Ever Alot နှင့် အတူတူ ဖြစ်ပေမဲ့ ဖွဲ့တည်ပုံဒီဇိုင်း ကွာခြားတာကြောင့် MSC Tessa မှ ပေ ၂၀ ကွန်တိန်နာတင်စရာ နေရာ ၁၁၂ ခု ပိုများလို့ MSC Tessa က Ever Alot ထက် တင်ဆောင်နိုင်စွမ်း 112 TEU ပိုများပါတယ်။ MSC Tessa မှာ ကွန်တိန်နာများကို တစ်ခုအပေါ်တစ်ခု ဆင့်ထပ်ပြီးတင်တဲ့အခါ အထပ်ပေါင်း ၂၅ ထပ်အထိ တင်နိုင်ပါတယ်။
MSC က ကွန်တိန်နာသင်္ဘောအသစ်များ တနင့်တပိုး မှာကြားထားပါတယ်။ Alphaliner ရဲ့အဆိုအရ MSC မှာကြားထားတာ ကွန်တိန်နာသင်္ဘော ၁၁၄ စီး ရှိပြီး ပမာဏစုစုပေါင်းက TEU ၁.၅ သန်းခန့် ရှိပါတယ်။ MSC ရဲ့လက်ရှိ ကွန်တိန်နာသင်္ဘောများရဲ့ စုစုပေါင်း TEU ရဲ့ သုံးပုံတစ်ပုံနှင့် အကြမ်းအားဖြင့် ညီမျှပါတယ်။ အချို့ကွန်တိန်နာ သင်္ဘောအသစ်တွေကိုတော့ အိုမင်းနေတဲ့ ကွန်တိန်နာများကို အစားထိုးမယ်လို့ ဆိုပါတယ်။ MSC မှာ ကွန်တိန်နာသင်္ဘော စီးရေ ၆၉၀ ဝန်းကျင်ရှိပြီး စုစုပေါင်း TEU က၄.၄၇ သန်း ဖြစ်ပါတယ်။
Ever Alot က 24,000 teu အရွယ်အစားသို့ ပထမဆုံး ရောက်ရှိတဲ့ ကွန်တိန်နာသင်္ဘော ဖြစ်ပါတယ်။
ကွန်တိန်နာ အရွယ်အစား စံချိန်သစ်များ မကြာသေးမီနှစ်များအတွင်း အကြိမ်ကြိမ်ချိုးဖျက်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် 20,000 teu အထက်သို့ တက်သွားခဲ့ပါတယ်။ Boxships လို့လည်း ခေါ်ဝေါ်ကြတဲ့ ကုန်သေတ္တာတင်သင်္ဘောများဟာ ရာစုနှစ်အစပိုင်းကာလရဲ့ တင်ဆောင်နိုင်မှု အရွယ်အစားထက် ယခုအခါ သုံးဆ ပိုများလာပါပြီ။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Source: maritime-executive