Wan Hai က စမတ်သင်္ဘော ၃ စီး အမည်ပေးအခမ်းအနားကျင်းပ
တိုင်ဝမ်သင်္ဘောကုမ္ပဏီ Wan Hai Lines က ဩဂုတ်လ ၈ ရက် ၂၀၂၂ ခုနှစ်မှာ 3,013 TEU အရွယ်အစား သင်္ဘောအသစ် ၃ စီး အမည်ပေး အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ Japan Marine United Corporation Tsu Shipyard မှာ တည်ဆောက်တဲ့သင်္ဘောများ ဖြစ်ပါတယ်။
COVID-19 သတိမူရတာကြောင့် အခမ်းအနားကို အွန်လိုင်းမှာ ကျင်းပခဲ့ပါတယ်။
WAN HAI 351、WAN HAI 352 နှင့် WAN HAI 353 နံပါတ်စဉ်ထိုးထားတဲ့ အမည်များ ကင်ပွန်းတပ်တဲ့ ကွန်တိန်နာသင်္ဘော ၃ စီးဟာ စမတ်သင်္ဘော ‘Smart Ship’ အမျိုးအစား ဖြစ်ပါတယ်။ သင်္ဘောမှာ ပင်ကိုမောင်းနှင် စွမ်းရည် ရှိပြီး အဝေးတစ်နေရာမှ ထိန်းကျောင်းပေးလို့ ရပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းကမ်းများနှင့်အညီ ballast water treatment system များ တပ်ဆင်ထားပါတယ်။
"ဒီရေယာဉ်သစ်တွေဟာ သင်္ဘောလိုင်းရဲ့ ဝန်ဆောင်မှုများကို သုံးစွဲသူတွေအတွက် အကောင်းဆုံးအရည်အသွေး ဝန်ဆောင်မှုတွေကို ပေးဆောင်နိုင်ေစဖို့ ရေယာဉ်အဆင့်မြှင့်တင်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေတာရဲ့ ရလဒ်ဖြစ်ပါတယ်" လို့ ကုမ္ပဏီက ပြောကြားပါတယ်။
ပထမဆုံး ရရှိမယ့်သင်္ဘော WAN HAI 351 ကို ၂၀၂၂ ဩဂုတ်လကုန်မှာ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။ အာရှ-အမေရိက ခရီးစဉ်များမှာ အသုံးပြုပါမယ်။
Wan Hai ရဲ့ ရေယာဉ်စု ပြန်လည်နုပျိုလန်းဆန်းရေး အစီအစဥ်များကို အပြည့်အဝ အကောင်အထည် ဖော်နေပါတယ်။
2,038 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၁၂ စီး အသစ်တည်ဆောက်ပေးဖို့ China Shipbuilding Trading Co သင်္ဘောကျင်းအတွက် ကန်ထရိုက်ကို ၂၀၁၈ မှာ လက်မှတ်ရေးထီုးခဲ့ပါတယ်။ ဇူလိုင်လမှာ အဆိုပါ သင်္ဘောကျင်းထံမှ 2,038 TEU အရွယ်အစား ကွန်တိန်နာသင်္ဘောအသစ်များ စတင်လက်ခံရယူခဲ့ပါတယ်။
အာရှတွင်း ခရီးစဉ်များကို အဓိကအားဖြင့် ဝန်ဆောင်မှုပေးတဲ့ Wan Hai Line က ၂၀၂၁ မှာ သင်္ဘောအသစ်များကို ၎င်းရဲ့ ရေယာဉ်စုမှာ ဖြည့်တင်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ဇွန်လမှာ 3,055 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော အသစ် ၁၂ စီး တည်ဆောက်ပေးဖို့ ဂျပန်သင်္ဘောကျင်း Nihon Shipyard မှာ အလုပ်အပ်နှံခဲ့ပါတယ်။
Nihon Shipyard က Japan Marine United Corporation (JMU) နှင့် Imabari Shipbuilding တို့ ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။ အဆိုပါ သင်္ဘောအသစ်များကို ၂၀၂၃ ဇူလိုင်လမှာ စတင်လွှဲပြောင်းပေးအပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။
Wan Hai Lines က အရွယ်အစား ပိုကြီးတဲ့ ကွန်တိန်နာသင်္ဘောအသစ်တွေလည်း မှာကြားထားပါတယ်။ တောင်ကိုရီးယားမှ Samsung Heavy Industries သင်္ဘောကျင်းမှာ 13,000 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၉ စီး အသစ်တည်ဆောက်ပေးဖို့ မှာကြားထားပါတယ်။
အလားတူ အရွယ်အစား ကွန်တိန်နာအသစ် ၅ စီးကို တောင်ကိုရီးယားမှ Hyundai Heavy Industries သင်္ဘောကျင်းမှာ မှာကြားထားပါတယ်။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Source: offshore energy business