Containers

ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

ကုန်သေတ္တာများကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာခဲ့ပါတယ်။ ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-

 

(၁) စံသတ်မှတ်နိုင်ခြင်း 

 

စံအဖြစ်သတ်မှတ်ထားသော (ISO standard) ကုန်သေတ္တာကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နေရာတွင်မဆို မည်သည့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင်မဆို (ပင်လယ်ရေကြောင်း၊ ကား၊ ရထား) ကုန်သေတ္တာကိုင်တွယ်ကိရိယာများဖြင့် ကိုင်တွယ် တင်/ချ ဆောင်ရွက်နိုင်ပါတယ်။။ ကုန်သေတ္တာတစ်လုံးချင်းစီသည် တိကျ၍ ထပ်တူမရှိသော နံပါတ်၊ အရွယ်အစားနှင့် အမျိုးအစားကို ဖော်ပြသော ကုဒ်နံပါတ်များ ရှိပါတယ်။


(၂) ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း 


ကုန်သေတ္တာများကို ထုထည်ကြီးမားလွန်းသော ပစ္စည်းများမှ လွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးနီးပါးကိုထည့်သွင်း သယ်ဆောင်နိုင်ပါတယ်။ ကုန်ပစ္စည်း၏ အနေအထားပေါ် မူတည်၍ အရည်ထည့်သွင်းရန်၊ အအေးခံကုန်ပစ္စည်းထည့်သွင်းရန်၊ ပုံမှန်ကုန်ပစ္စည်းထည့်သွင်းရန် စသည်ဖြင့် ကုန်သေတ္တာများကို အမျိုးမျိုးပုံစံပြု ထုတ်လုပ်ထားသည့်အတွက် အသုံးပြုရာတွင် အဆင်ပြေနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးတွင် အသုံးမပြုတော့သည့် ကုန်သေတ္တာများကို အခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။

 

6Th_floor_2.jpg

 

(၃) ကုန်ကျစရိတ်သက်သာခြင်း

 

ကုန်သေတ္တာကို စံနူန်းနှင့်အညီ ထုတ်လုပ်ထားသည့်အတွက် ပို့ဆောင်ရေးလမ်းကြောင်း တစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းရာတွင် အတွင်းပါကုန်ပစ္စည်းများကို ထုတ်ယူကိုင်တွယ်ရန် မလိုအပ်သဖြင့် ကုန်ကျစရိတ်ကို လျော့နည်းစေသည်။ ကုန်သေတ္တာအတွင်းပါရှိသည့် ကုန်ပစ္စည်းများကို သမရိုးကျနည်းလမ်းဖြင့် ပို့ဆောင်ပါက ကုန်သေတ္တာဖြင့် ပို့ဆောင်ခြင်းထက် အဆ ၂၀ ခန့် ကုန်ကျစရိတ် ပိုမိုများစေနိုင်ပါတယ်။ ကုန်သေတ္တာကို အသုံးပြုသည့်အတွက် အရေအတွက်များပြားပါက ကုန်သေတ္တာတစ်လုံးချင်းစီ၏ ကုန်ကျစရိတ်မှာ လျော့နည်းလာခဲ့ပါတယ်။


(၄) လျင်မြန်မှု


တစ်ဆင့်လွှဲပြောင်းတင်ပို့ရသည့် အရေအတွက်မှာ အနည်းဆုံးဖြစ်ပြီး ကုန်သေတ္တာ ဆိပ်ကမ်းကြီးများတွင် သင်္ဘောပေါ်မှချခြင်း/ သင်္ဘောပေါ်သို့ တင်ခြင်း လုပ်ငန်းမှာ ၂၄ နာရီအတွင်း ဆောင်ရွက်နိုင်ပါတယ်။ ကုန်သေတ္တာတင်သင်္ဘောကြီးများသည် အထွေထွေကုန်ပစ္စည်းတင် သင်္ဘောများထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်နိုင်ပါတယ်။


(၅) ကုန်ပစ္စည်းသိုလှောင်ထားသိုနိုင်ခြင်း

 

ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းထည့်သွင်းပြီးပါက အကာအကွယ်ရရှိပြီးဖြစ်သည့်အပြင် လုံခြုံမှုရှိသည့်အတွက် ကုန်သေတ္တာတစ်လုံးကို ကိုယ်ပိုင်သိုလှောင်ရုံအဖြစ် အသုံးပြုနိုင်ပါတယ်။ သင်္ဘောပေါ်တွင်လည်းကောင်း၊ ကုန်သေတ္တာဆိပ်ကမ်းရှိ လွင်ပြင်တွင်လည်းကောင်း ကုန်သေတ္တာများကို ထပ်ဆင့်ထားသိုနိုင်ခြင်းသည် ကုန်သေတ္တာအသုံးပြုခြင်း၏ အဓိကအားသာချက်တခုလဲ ဖြစ်ပါတယ်။


(၆) လုံခြုံခြင်းနှင့် ဘေးကင်းခြင်း


ကုန်သေတ္တာအတွင်းပါ ကုန်ပစ္စည်းများကို ထည့်သွင်းသည့်အချိန်နှင့် ကုန်ချဆိပ်ကမ်းတွင် အကောက်ခွန်မှ စစ်ဆေးသည့်အချိန်တို့တွင်သာ ကုန်သေတ္တာကို ဖွင့်လှစ်သည့်အတွက် လမ်းခရီးတွင် ပျက်စီးပျောက်ဆုံးရန် ဖြစ်နိုင်ခြေ အလွန်ပင်နည်းပါးပါတယ်။

 

ကုန်သေတ္တာအသုံးပြုခြင်း၏ အားနည်းချက်များ

 

Source: Shipping & Logistics

Read times
Rate this item
(0 votes)