Containers

ကုန်သေတ္တာအသုံးပြုခြင်း၏ အားနည်းချက်များ

ကုန်သေတ္တာများကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာခဲ့ပါတယ်။ သို့ရာတွင် ကုန်သေတ္တာအသုံးပြုသည့်အတွက် အားနည်းချက်များလည်း ရှိနေခဲ့ပါတယ်။


(၁) နေရာယူခြင်း


ကုန်သေတ္တာများသည် အရွယ်အစားကြီးမားသဖြင့် တံတားအတွင်း အထူးသဖြင့် ထားသိုရာလွင်ပြင်တွင် နေရာယူ ကြပါတယ်။ ကုန်သေတ္တာအရေအတွက်များပြားလာသည့်အခါ ဆိပ်ကမ်းတံတားအတွင်းမှ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းများသို့ ရွှေ့ပြောင်းကြရပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်ရန်ရန်အတွက် အရွယ်အစားကြီးမားသော ကုန်သေတ္တာတင် သင်္ဘောကြီးများကို အသုံးပြုကြလာသည့်အခါ ဆိပ်ကမ်းဝင်/ထွက်ရာ ရေလမ်းကြောင်းရှိ ရေအနက်သည် ဆိပ်ကမ်းများအတွက် ပြဿနာတစ်ရပ်အဖြစ် ပေါ်ပေါက်လာပါတယ်။ ဥပမာအားဖြင့် ကုန်သေတ္တာ ၁၀၀၀၀ ကျော်တင်ဆောင်နိုင်သည့် သင်္ဘောတစ်စီး၏ ရေစူးမှာ ၁၃ မီတာခန့်ရှိပါတယ်။


(၂) ငွေကြေးရင်းနှီးမြှုုပ်နှံမှုများပြားခြင်း

 

ကုန်သေတ္တာကိုင်တွယ်သည့် စက်ကိရိယာများနှင့် အခြေခံအဆောက်အဦများ စသည်တို့သည် ရင်းနှီးမြှုုပ်နှံမှု ပမာဏများပြားသည့် မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ ထို့အပြင် ကုန်သေတ္တာဆိပ်ကမ်းများ၊ ဘက်စုံပို့ဆောင်ရေးစနစ်တွင်ပါဝင်သည့် ကုန်းတွင်းဆိပ်ကမ်များကို အလိုအလျောက်စနစ်သို့ အဆင့်မြှင့်တင်ပါကလည်း ရင်းနှီးမြှုုပ်နှံမှုပမာဏ အမြောက်အများလိုအပ်ပါတယ်။


(၃) စီထပ်ခြင်း 

 

ကုန်သေတ္တာများကို သင်္ဘောသို့ တင်ပို့ရာတွင် တင်ဆောင်ရသည့် အစီအစဉ်များမှာ ရှုပ်ထွေးမှုရှိပါတယ်။ အထပ်မြင့် စီထပ်ထားသော ကုန်သေတ္တာများအနက်မှ ကုန်သေတ္တာတစ်လုံးကို ထုတ်ယူသည့်အခါ ကျန်ကုန်သေတ္တာများကို ပြန်လည်၍ စီထပ်ရသည့်အတွက် ဆိပ်ကမ်းတံတားလုပ်ငန်း ဆောင်ရွက်သူများအတွက် ကုန်ကျစရိတ်ကို ပိုမိုကျစေပါတယ်။ ကုန်သေတ္တာလွင်ပြင် ပိုမိုကျယ်ဝန်းသည်နှင့်အမျှ ကုန်သေတ္တာတည်နေရာအတွက် စီမံခန့်ခွဲမှုမှာ ပိုမို ရှုပ်ထွေးလာပါနိုင်ပါတယ်။

 

 

RangeRover.jpg

 

 

(၄) ကုန်သေတ္တာအခွံများကို ပြန်လည်ရွှေ့ပြောင်းရခြင်း

ကုန်သေတ္တာအတွင်းမှ သွင်းကုန်ပစ္စည်းများကို ထုတ်ယူပြီးသည့်အခါ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းသို့ ပို့ဆောင်ရပါတယ်။ ကုန်သေတ္တာသည် အခွံဖြစ်စေ ကုန်ပစ္စည်းထည့်သွင်းထားသည်ဖြစ်စေ -နေရာယူမှုမှာ အတူတူပင်ဖြစ်ပါတယ်။ သွင်းကုန်နှင့် ပို့ကုန် ပမာဏ ကွာခြားသည့်အခါ ကုန်သေတ္တာအခွံများကို လိုအပ်ချက်ရှိသည့်နေရာဒေသများသို့ ပြန်လည် ပို့ဆောင်ကြရပါတယ်။


(၅) ပျောက်ဆုံးမှု ဖြစ်ပွားနိုင်ခြင်း


ကုန်သေတ္တာဆိပ်ကမ်းတံတားနှင့် နောက်ဆုံးပို့ဆောင်ရမည့်နေရာ ဝေးကွာသည့်အခါတွင် ကုန်သေတ္တာကို ဖွင့်လှစ်၍ ကုန်ပစ္စည်းခိုးယူမှုများ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်နှစ်လျှင် ကုန်သေတ္တာ အလုံးရေ ၁၅၀၀ ခန့်မှာ သင်္ဘောပေါ်မှ ပင်လယ်အတွင်းသို့ ပြုတ်ကျ၍ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။


(၆) တရားမဝင်ကုန်သွယ်မှု


ကုန်သေတ္တာများကို တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းရန် အသုံးပြုသကဲ့သို့ လူများခိုးဝင်ရန်အတွက်လည်း အသုံးပြုကြပါတယ်။ ထိုသို့ ကုန်သေတ္တာကို တရားမဝင်ပစ္စည်းများ တင်သွင်းတင်ပို့ရန် အသုံးပြုနိုင်သည့်အတွက် အကြမ်းဖက်သမားများက အသုံးချနိုင်သည့်အနေအထားကိုလည်း နိုင်ငံများက အလေးအနက်ထား စောင့်ကြည့်စစ်ဆေးလေ့ရှိကြပါတယ်။

 

ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

Source : Shipping and Logistics

 

 

 

Read times
Rate this item
(1 Vote)