သင်္ဘောကုမ္ပဏီ Maersk က ဝယ်လိုအား ကျဆင်းပြီး ဂိုဒေါင်များတွင် ပစ္စည်းပြည့်နေကြောင်း ပြောကြား
ကွန်တိန်နာသင်္ဘောလိုင်း နှင့် လော့ဂျစ္စတစ် ကုမ္ပဏီ AP Moller-Maersk က စားသုံးသူများ စီးပွားရေး မပြေလည်မည့်အရေး စိုးရိမ်မကင်း ဖြစ်ကြခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ရပ်တန့်ပိတ်ဆို့မှုများကြောင့် ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ကမ္ဘာ့ကွန်တိန်နာ ဝန်ဆောင်မှုများ ဝယ်လိုအား ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းပြောကြားပါတယ်။
ဒိန်းမတ် ကွန်တိန်နာသင်္ဘောနှင့် လော့ဂျစ္စတစ် ကုမ္ပဏီ AP Moller-Maersk က ဒုတိယသုံးလပတ်တွင် ကွန်တိန်နာ ပို့ဆောင်မှု ပမာဏ ယခင်နှစ် ဒုတိယသုံးလပတ်ထက် ၇.၄ ရာခိုင်နှုန်း နည်းပါးသွားကြောင်း ပြောကြားခဲ့ပါတယ်။
စားသုံးသူဝယ်လိုအား လျော့နည်းလာသဖြင့် ဆိပ်ကမ်းများနှင့် ဂိုဒေါင်များတွင် လက်ကျန် ကုန်ပစ္စည်း သိုလှောင်မှုများ များပြားလာရာ ဥရောပတွင် ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက်နှေးကွေးမှုမှာ အထူးထင်ရှားကြောင်း Maersk က ပြောကြားပါတယ်။
"ဥရောပတွင် ပစ္စည်းပေးပို့ ကွင်းဆက်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ သုံးစွဲသူများက ဝယ်လိုအား အားနည်းနေခြင်းကြောင့် လက်လီရောင်းချသူများနှင့် ကုန်ထုတ်လုပ်သူများက ဆိပ်ကမ်းများနှင့် ဂိုဒေါင်များတွင် ပစ္စည်းများကို သိုလှောင်ထားရသောကြောင့် ထောက်ပံ့ရေးကွင်းဆက်တွင် ရပ်တန့်နေမှုများ ဆက်လက်ရှိနေပါတယ်" လို့ Maersk က ပြောကြားပါတယ်။
ယူကရိန်းတွင် ရုရှားစစ်ပွဲနှင့် တရုတ်နိုင်ငံတွင် Covid-19 ပိတ်ဆို့ထားမှုများကြောင့် ထောက်ပံ့ရေးကွင်းဆက် ပိတ်ဆို့မှုများကို ပိုမိုဆိုးရွားစေကြောင်း Maersk က ပြောကြားပါတယ်။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Source: Maersk