Containers

၂၀၂၂ ရဲ့ ထိပ်တန်းကွန်တိန်နာသယ်ယူပို့ဆောင်ရေးလုပ်ငန်း (၅) ခု

ကွန်တိန်နာသင်္ဘောများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်စည်ပို့ဆောင်ရာတွင် အရေးကြီးဆုံးနှင့် လိုအပ်ဆုံးသော သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်သည်။

 

ကုန်စည်တင်ဆောင်နိုင်မှုအပေါ် အခြေခံ၍ ထိပ်တန်း ကွန်တိန်နာ သင်္ဘောကုမ္ပဏီ ငါးခုကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ TEU (Twenty-foot Equivalent Unit) နှင့် လိုင်းအပိုင် သင်္ဘောအရေအတွက်ကို အခြေခံတွက်ယူထားသော ၂၀၂၂ ခုနှစ်ရဲ့ Top Five စာရင်းဖြစ်ပါတယ်။

 

1. APM-Maersk

=================

 

Maersk / Maersk Line ပိုင်ရှင် A.P. Moller–Maersk Group ကတော့ ဒိန်းမတ်နိုင်ငံသားပိုင် ကမ္ဘာ့အကြီးမားဆုံး ကုန်တင်သင်္ဘော လုပ်ငန်းပေါင်းစုပါ။ ကမ္ဘာအနှံ့ Registered အလုပ်သမားပေါင်း (၃၅,၆၀၀) နဲ့ နိင်ငံပေါင်း ( ၁၃၅ ) မှာ ရုံးခွဲပေါင်း (၅၇၄) ခု ဖွင့်လှစ်ထားပါတယ်။ ကမ္ဘာအနှံ့ ဆိပ်ကမ်း (၃၄၀) ကျော်ကျော် ဆိုင်ကပ်တဲ့ သင်္ဘောစီးရေ (၇၇၃) စီး ပြေးဆွဲနေပါတယ်။ ၁၉၄၀၇ မှာ စတင်ခဲ့ရာမှ TEU 4.1 million နဲ့ ဈေးကွက်ကို ၁၈.၇% ဖြင့် ကမ္ဘာ့နံပတ် ၁ နေရာကို ပိုင်ဆိုင်ထားသူပါ။

 

1. Mediterranean Shipping Company (MSC)

 ===============================

 

 

MSC ဟာ Geneva အခြေစိုက် Italian သင်္ဘောလုပ်ငန်းပါ။ နာမည်ကြီး ဧရာမ သင်္ဘောများ နဲ့ Cruise Liner Operator (MSC Cruises) များကြောင့် ကမ္ဘာ့စီးပွားရေးမှာ နာမည်ကြီးခဲ့သည့် အဖွဲ့အစည်း။ ၁၉၇၀ မှာ တည်ထောင်ခဲ့ပြီး Patricia Vessel မှ စတင်ခဲ့ရာ သင်္ဘောစီးရေ (၅၁၇) စီး၊ 3.3 million TEU နဲ့ ဈေးကွက်ကို ၁၄.၈% အထိ ပိုင်ဆိုင်ခဲ့ပါပြီ။

 

 

RangeRover.jpg

 

 

 

3. CMA CGM Group

=================

 

 

ပြင်သစ် သင်္ဘောလိုင်း CMA CGM ဟာ ၁၉၉၆  မှာ Compagnie Générale Maritime (CGM) နှင့် Compagnie Maritime d'Affrètement (CMA) ပူးပေါင်းခဲ့ရာမှ စတင်ခဲ့ပါတယ်။ မပူးပေါင်းခင်ကာလ ၁၈၅၁ ကတည်းက သင်္ဘောလောက သမိုင်းမှာ ကျင်လည်ခဲ့သူများပီပီ ယခု ကမ္ဘာ့တတိယမြောက် အကြီးဆုံးလိုင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ CMA CGM မှာ သင်္ဘောစီးရေ (၄၉၃) စီးနှင့် TEU 2.5 million ဖြင့် ၁၁.၅% ဈေးကွက်ကို ဝေစုရထားပါတယ်။

 

4. COSCO 

==========

 

China Ocean Shipping (Group) Company, COSCO ကတော့ တရုတ်သင်္ဘောလိုင်း။ Beijing မှာ ရုံးချုပ်ထားရှိပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီ မှာ China Shipping Group အဖြစ်စုစည်းခဲ့ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးလိုင်းဖြစ်ရာ  ၈.၉% ဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ် ။COSCO ဟာ သင်္ဘောစီးရေ (၃၅၄) စီး နဲ့ TEU 2 million အထိ ပြေးဆွဲ လည်ပတ်နေသူပါ။

 

5. Hapag-Lloyd

=========

 

၁၉၇၀ မှာ တည်ထောင်ခဲ့တဲ့ Hapag-Lloyd ကို အစပိုင်းက Amerikanische Packetfahrt-Actien-Gesellschaft (HAPAG) နဲ့ Norddeutscher Lloyd (NDL) တို့က ပူးပေါင်းတည်ထောင်ခဲ့တာပါ။ ၂၀၁၄ မှာ Compañía Sud Americana de Vapores (CSAV) ကပါ ပူးပေါင်းခဲ့ရာမှ ဂျာမန်ပိုင် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး လုပ်ငန်းစု ဖြစ်လာခဲ့ပါတယ်။ ခုချိန်မှာတော့ သင်္ဘောစီးရေ (၂၂၇) စီး TEU 1.6 million အင်အားနဲ့ ဈေးကွက်ဝေစု ၇.၃% ကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။

 

Source: Marine Insight

Read times
Rate this item
(1 Vote)