HMM က ဈေးကွက်မရေရာခြင်း မြင့်မားနေဟု သုံးသပ်
တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံဂုဏ်ဆောင် သင်္ဘောလိုင်း HMM က ၂၀၂၂ ဒုတိယ ၃ လပတ်မှာ အသားတင်အမြတ် ကန်ဒေါ်လာ ၂.၂၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၂ ပထမနှစ်ဝက်မှာ အသားတင်အမြတ် ကန်ဒေါ်လာ ၄.၆၂ ဘီလီယံ ရရှိခဲ့ကြောင်း ၃လပတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ HMM က ရှေ့အလားအလာကိုတော့ ယခုလို အသားတင်အမြတ် အများအပြားရဖို့ မသေချာမရေရာတာတွေ များနေကြောင်းလည်း တင်ပြထားပါတယ်။
အလားတူပင် ကွန်တိန်နာသင်္ဘောလိုင်း Maersk က စတုတ္ထသုံးလပတ်မှာ "တိုးတက်မှုနှုန်း ကျဆင်းခြင်း" ကို မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ONE ကွန်တိန်နာသင်္ဘောလိုင်းကလည်း ၂၀၂၃ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမယ့် တစ်နှစ်တာဝင်ငွေခန့်မှန်းချက်ကို ယခုအချိန်အထိ "စျေးကွက်မရေရာမှုများ" ကြောင့် ထုတ်ပြန်ခြင်း မပြုသေးပါဘူး။
မည်သို့ပင်ဆိုစေကာမူ ယခု တတိယသုံးလပတ်တွင် အမြတ်အစွန်း များပြားမယ်ဆိုတာကိုတော့ မှန်းလို့ ရနေပါပြီ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လေ့လာဆန်းစစ်ရေးလုက်ငန်း Blue Alpha Capital တည်ထောင်သူ John McCown က ၂၀၂၂ မှာ ပင်လယ်ရေကြောင်း ကွန်တိန်နာ ပို့ဆောင်မှုကဏ္ဍ တစ်ရပ်လုံး အနေဖြင့် ကန်ဒေါ်လာ ၂၅၆ ဘီလီယံ ရမယ်လို့ ခန့်မှန်းပါတယ်။
လာမယ့်လများအတွင်း ကမ္ဘာ့ကုန်စည်ပေးပို့ရေး ကွင်းဆက်မှာ အခက်အခဲများ ရှိနေဦးမှာ ဖြစ်ပြီး ပေါက်ဈေးနှုန်းနှင့် ကာလတို ကန်ထရိုက်ဈေးနှုန်းများ အမြင့်မှာ ဆက်ရှိနေနိုင်တယ်လို့ HMM က ခန့်မှန်းထားပါတယ်။
Hyundai Merchant Marine (HMM) ဟာ ၂၀၂၀ တတိယ ၃လပတ်မတိုင်ခင်အထိ ၃လပတ် ၂၁ ကြိမ်ဆက်တိုက် အရှုံးပြနေခဲ့ပါတယ်။ ကိုဗစ် ကွန်တိန်နာ ရွှေခေတ်ကျမှ ဦးမော့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ မှာ အသားတင်အမြတ် ကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိခဲ့ပါတယ်။
ကုမ္ပဏီရဲ့ စီအီးအိုအသစ် Kim Kyung-bae က ရည်မှန်းချက်ကြီးမားတဲ့ ကြီးထွားမှု အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ရာ ကွန်တိန်နာသင်္ဘောများသာမက ဝမ်းပုံ bulk သင်္ဘောတွေကိုပါ ထပ်တိုးမှာ ဖြစ်ပါတယ်။ စီးရေတိုးဖို့အတွက် လာမယ့် ၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၁.၃ ဘီလီယံ သုံးစွဲမှာ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာ HMM က ကမ္ဘာ့အဌမ အကြီးဆုံး သင်္ဘောလိုင်း ဖြစ်ပါတယ်။ သင်္ဘောစီးရေ ၇၆ စီး ရှိပြီး စုစုပေါင်း 800,000 teu သယ်ပို့နိုင်စွမ်း ရှိပါတယ်။
မဟာမိတ်စီးပွားဖက် Yang Ming ထက် 130,000 teu ပိုများပါတယ်။ Yang Ming က ကမ္ဘာ့နဝမအကြီးမားဆုံး သင်္ဘောလိုင်း ဖြစ်ပါတယ်။
HMM က သင်္ဘောအသစ်များ မှာကြားထားရာ စုစုပေါင်း 184,000 teu ရှိပါတယ်။
HMM မှာ တောင်ကိုရီးယား နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်တဲ့ Korea Development Bank နှင့် Korea Ocean Business Corp တို့က စုစုပေါင်း ရှယ်ယာ ၄၅% ပိုင်ဆိုင်ပါတယ်။
Source loadstar
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U