ကွန်တိန်နာသင်္ဘောကဏ္ဍ ၃လပတ် ၇ ခုဆက်တိုက် စံချိန်တင် အမြတ်များ ရရှိခဲ့
ကွန်တိန်နာ ပို့ဆောင်မှုသည် ဒုတိယသုံးလပတ်တွင် အမြတ်ငွေ ကန်ဒေါ်လာ ၆၃.၇ ဘီလီယံ ရရှိခဲ့ကြောင်း ကွန်တိန်နာသင်္ဘောကဏ္ဍမှ ဝါရင့်သူ John McCown ၏ စာရင်းအရ သိရသည်။
၂၀၂၂ ခုနှစ်၏ ဒုတိယသုံးလပတ်သည် ကွန်တိန်နာသင်္ဘောကဏ္ဍအတွက် အမြင့်ဆုံးအသားတင်ဝင်ငွေများ ဆက်တိုက်ရရှိသည့် သတ္တမမြောက်သုံးလပတ် ဖြစ်သည်။
ယခင်နှစ် အလားတူကာလကလည်း ဝင်ငွေ စံချိန်သစ်တင်သည်အထိ မြင့်မားခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ် အလားတူကာလထက် ၁၂၃% ပိုမိုရရှိခဲ့ရာ ကန်ဒေါ်လာ ၃၅.၁ ဘီလီယံ ပိုမိုရရှိခြင်း ဖြစ်သည်။
ယခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက အသားတင် ၀င်ငွေမှာ ၈.၅% ပိုမိုရရှိခဲ့သည်ဖြစ်ရာ ကန်ဒေါ်လာ ၅ ဘီလျံ ပိုမိုရရှိပါသည်။
"၂၀၂၂ ဒုတိယ ၃လပတ် ဝင်ငွေကို အသာထား၊ အသားတင်ဝင်ငွေသည်ပင်လျှင် ကိုဗစ်အကြိုကာလ ၃ လပတ် ဝင်ငွေစုစုပေါင်း၏ ၂ ဆ ဖြစ်သည်"ဟု McCown ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
"ဤအမှန်တကယ်ရလဒ်များသည်မည်သူမဆို စဉ်းစားမိမည် မဟုတ်သည့် ပမာဏများ ဖြစ်သည်။ မဖြစ်နိုင်ပါဟုသာ ယူဆကြမည့် ပမာဏများလည်း ဖြစ်သည်။ အထူးသဖြင့်လွန်ခဲ့သည့်နှစ်နှစ်ကျော်ကကူးစက်ရောဂါအစတွင်ဖြစ်သည်" ဟု သူက ရေးသားထားသည်။
အသားတင်ဝင်ငွေ ရရှိသည်ကို ဂရပ်ပုံကားချပ်ပေါ် တင်ကြည့်သည့်အခါ "ဟော်ကီတုတ်" “hockey stick” ပုံကို တွေ့မြင်ရသည်။
Image: John McCown/Blue Alpha Capital
၎င်း၏အစီရင်ခံစာတွင် McCown က ပြီးခဲ့သည့် ၂ နှစ်အတွင်းကွန်တိန်နာပို့ဆောင်မှဦးေမာ့ခြင်းသည် "လုပ်ငန်းကဏ္ဍ တစ်ခုလုံး၏ အထင်ရှားဆုံး စွမ်းဆောင်ရည် ပြောင်းလဲမှုများထဲမှ တစ်ခု ဖြစ်သည်" ဟု ရေးသားထားသည်။
ထူးခြားသော မှတ်သားဖွယ် ဖြစ်ရသည်မှာ ၂၀၀၈ ခုနှစ် ကမ္ဘာဘငွေကြေးအကျပ်အတည်းအပြီး ၁၂ နှစ်တာကာလအတွင်း အနုတ်ပြနေသော အောက်ခြေနေရာတွင် ရောက်ရှိနေခြင်းမှ ပြန်တက်လာနိုင်ခြင်း ဖြစ်သည်။
Source gcaptain
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U