Containers

Cosco Shipping Holdings ပထမနှစ်ဝက် ဝင်ငွေ စံချိန် ထုတ်ပြန်ကြေညာ

Cosco Shipping Holdings ပထမနှစ်ဝက် ဝင်ငွေ စံချိန် ထုတ်ပြန်ကြေညာ

 

Cosco Shipping လက်အောက်ရှိ စာရင်းဝင်ကုမ္ပဏီများသည် ၎င်းတို့၏ ၂၀၂၂  ပထမနှစ်ဝက် ရလဒ်များကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

Cosco Shipping Holdings သည် ယခုနှစ် ပထမနှစ်ဝက်အတွက် သမိုင်းတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်မှုကို ရရှိခဲ့ပါသည်။

 

Cosco Shipping Holdings သည် ၂၀၂၂ ပထမနှစ်ဝက်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃.၆ သန်းဖြင့် စံချိန်တင်ခဲ့သည်။ ယခင်နှစ် ပထမနှစ်ဝက်ထက် ၉၂. ၂% ပိုများပါသည်။ အခွန်မဆောင်ခင် စုစုပေါင်း အမြတ် အမေရိကန်ဒေါ်လာ ၁၃.၄ သန်း ရရှိခဲ့ပါသည်။

 ၂၀၂၂ ပထမနှစ်ဝက်တွင် Cosco ၏ ဆိပ်ကမ်းနှင့် ဆိပ်ခံ အော်ပရေတာသည်လည်း ကောင်းမွန်သော ဘဏ္ဍာရေး ရလဒ်များ ရရှိခဲ့ပါသည်။ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၄.၆ သန်း ရရှိခဲ့ပါသည်။ အမြတ်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၇.၇ သန်း ရရှိခဲ့ပါသည်။ ကိုင်တွယ်ပေးခဲ့သော ကွန်တိန်နာ ပမာဏမှာ TEU ၂၀.၅ သန်း ဖြစ်ပါသည်။

Source: container-news

#MyanmarLogisticsGuide
 Telegram Channel https://t.me/Guid4U

 

 

 

 

Read times
Rate this item
(0 votes)