Containers

ဈေးလျှော့ပေးရန် shippers များနှင့် Yang Ming ဆွေးနွေးညှိနှိုင်းမည်ဟု ပြောကြား

ဈေးလျှော့ပေးရန် shippers များနှင့် Yang Ming ဆွေးနွေးညှိနှိုင်းမည်ဟု ပြောကြား

TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U

 

 

Yang Ming ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Chang Chao-feng က လက်ငင်းစျေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ ကွန်တိန်နာလိုင်းသည် စာချုပ်နှုန်းထားများကို ပြန်လည်ညှိနှိုင်းရန် တောင်းဆိုနေသော shippers များထံမှ ဖိအားပေးခံနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

Yang Ming ကွန်တိန်နာသင်္ဘောလိုင်းသည်  စာချုပ်ပါ နှုန်းထားများ လျှော့ချပြီး ပြင်ဆင်သတ်မှတ်ပေးရန် shippers များထံမှ တောင်းဆိုချက်များကို မသိကျိုးကျွန်မပြုဘဲ  အတည်ပြု‌ ပြောကြားသည့် ပထမဆုံးသော ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။

 

 ကွန်တိန်နာသင်္ဘောလိုင်းများ၏ အခြေအနေသည်  ယခုအခါ နှစ်လယ်ပိုင်းထက် အခြေအနေ ပိုခက်ခဲလာ‌ကြောင်း Mr Chang က ပြောကြားပါသည်။

 

“ပြီးခဲ့တဲ့ မေလတုန်းက ဥရောပ သို့မဟုတ် အမေရိကန်သို့ ခရီးစဉ်တွေအတွက် ကျွန်တော်တို့နဲ့ ကုန်ပို့သူ shipper တွေ ကန်ထရိုက်နှုန်းထားတွေ ဆွေးနွေးးညှိနှိုင်းတော့ နှစ်ဖက်စလုံးက အကောင်းမြင်ထားကြတယ်။ ဈေးအမြင့်တွေနဲ့ သဘောတူ ချုပ်ဆိုခဲ့ကြတယ်။ အခု လက်ငင်းဈေးနှုန်းတွေ ထိုးကျတော့ အဲဒီကန်ထရိုက်ဈေးနှုန်းတွေအပေါ်  ဖိအားကြီးမားနေတယ်" ဟု သူက ပြောကြားသည်။

"ကျွန်‌တော်တို့ရဲ့ ဖောက်သည်တွေနဲ့  စာချုပ်တွေကို ဆွေးနွေးညှိနှိုင်းပါမယ်။ လက်ရှိအချိန်မှာ  အချို့က စာချုပ်ကို လေးစားလိုက်နာဆဲဖြစ်ပါတယ်။ ချက်ချင်းမွမ်းမံပြင်ဆင်မှုများနှင့် ချိန်ညှိမှုများကို တောင်းဆိုဖို့ ကျွန်‌တော်တို့ဖက်မှ အစပြုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စာချုပ်အပေါ် မူတည်ပြီး လိုအပ်တဲ့ ချိန်ညှိမှုတွေ ကျွန်တော်တို့ လုပ်ဆောင်သွားပါမယ်" ဟု သူက ပြောကြားသည်။

 

Yang Ming  သည် ၂၀၂၂ ပထမနှစ်ဝက်တွင်  အသားတင်အမြတ် ကန်ဒေါ်လာ ၄ ဘီလီယံ ရရှိသော်လည်း  ဈေးကွက်က အကျဘက်သို့ ရောက်သည်မှာ ထင်ထားသည်ထက် ပိုမြန်နေသဖြင့် ကုမ္ပဏီသည် ယခုအခါမှာ ရှေ့အလားအလာအပေါ်  သတိထားပြီး လုပ်ကိုင်နေရသည်ဟု Mr Chang က ပြောကြားသည် ။

 

"ရုရှား ယူကရိန်း ပဋိပက္ခ ပြေလည်သွားမှာလား။ တရုတ်ကွန်မြူနစ်ပါတီက ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ခေါင်းဆောင်တင်မြှောက်တဲ့ ကွန်ဂရက်ကို အောက်တိုဘာလမှာ ကျင်းပပြီးတဲ့အခါ ကိုဗစ်သုည မူဝါဒ ဖြေလျော့မှာလား၊။အမေရိကန်မှာလည်း ရွေးကောက်ပွဲရှိတယ်။ စီးပွားရေး ကြီးထွားအောင် လုပ်ပေးမှာလား ဆိုတာတွေ ချင့်ချိန်ရပါတယ်" ဟု သူက ပြောကြားသည်။

 

"နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့International Monetary Fund (IMF)က ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို လျှော့ချခန့်မှန်းပါတယ်။ အခုနှစ် ၃.၂% ၊ နောက်နှစ်ကို ၂.၉% လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နှင့် အီးယူတို့ရဲ့ ကြီးထွားနှုန်းကို ၁% မျှသာ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ၏ ကြီးထွားနှုန်းကို လာမည့်နှစ်မှာ  ၅.၁% လို့ ခန့်မှန်းထားဆဲ ဖြစ်ပါတယ်။ အဲဒါကတော့ သတင်းကောင်းပါပဲ" ဟု သူက ပြောသည်။ 

 

အပြောင်းအလဲ အမျိုးမျိုး အများအပြား ဖြစ်ပေါ်နေသည့်အတွက်ကြောင့် သင်္ဘောကုမ္ပဏီများအနေဖြင့် ပိုမိုတိတိပပ ကြိုတင်ခန့်မှန်းဖို့ ခဲယဉ်းနေ‌သည်ဟု သူက ပြောကြားသည်။

 

သယ်ပို့နိုင်သောပမာဏနှင့် ပို့ဆောင်လိုသော ကုန်စည်ပမာဏတို့ အချိုးအစား အခြေအနေကို ကြည့်လျှင် ကွန်တိန်နာသင်္ဘာကဏ္ဍအတွက် စုစုပေါင်း သယ်ပို့နိုင်သော ပမာဏသည့် အသစ်တည်ဆောက်သည့် ကွန်တိန်နာသင်္ဘောများ အအေတွက်နှင့် ဖျက်ပစ်လိုက်သော ကွန်တိန်နာသင်္ဘောများ အရေအတွက်တို့အပေါ် မူတည်နေကြောင်း၊ ထို့ပြင် ဆိပ်ကမ်းများ ပိတ်ကျပ်နေသဖြင့် ကွန်တိန်နာသင်္ဘောများ စောင့်ဆိုင်းရသည့် ကြာချိန် အပေါ်တွင်လည်း မူတည်နေကြောင်း သူက ပြောကြားသည်။

 

ကိုဗစ် အစောပိုင်း လှိုင်းတွင် ပစ္စည်းများ လိုသည်ထက် ပိုနေအောင် မှာယူခဲ့ကြသည်။ ယခု ပစ္စည်းပို့ဆောင်ရေးကွင်းဆက် ကောင်းမွန်လာချိန်တွင် သွင်းကုန်လုပ်ငန်းရှင်များ၏ လက်ထဲ ပစ္စည်း လက်ကျန်များ များပြားနေသဖြင့် ထပ်မံ မှာယူသည့် အမှာစာ နည်းပါးနေသည်။ သို့ဖြစ်ရာ ပို့ဆောင်ရမည့် ပမာဏမှာ လျော့နည်းနေကြောင်း သူက ပြောကြားသည်။

Source the loadstar

#MyanmarLogisticsGuide 

TO GET INSTANT UPDATE  join Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)