Containers

MSC ကွန်တိန်နာ သင်္ဘောလိုင်း သင်္ဘောသစ် မှာယူမှု စံချိန်တင်များပြား

MSC ကွန်တိန်နာ သင်္ဘောလိုင်း သင်္ဘောသစ် မှာယူမှု စံချိန်တင်များပြား

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

တရုတ်နိုင်ငံ Yangzijiang Shipbuilding သင်္ဘောကျင်းမှာ  Mediterranean Shipping Co (MSC) မှ LNG လောင်စာသုံး  16,000 teu သင်္ဘော တစ်ဒါဇင်ကို မကြာသေးမီက မှာယူခဲ့သည်။

MSC သည် ယခုအခါ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်သည်။ လက်ရှိတွင် teu ၂ သန်းဝန်းကျင်ဖြင့် ပြေးဆွဲနေသည်။

သင်္ဘောကျင်းများတွင် စုစုပေါင်း teu ၁.၉၆ သန်း ရှိသည့် ကွန်တိန်နာသင်္ဘောများ မှာကြားထားသည်။ အချိုးချကြည့်လျှင် လက်ရှိ teu စုစုပေါင်း၏ ၄၃% နှင့် ညီမျှသော TEU ပမာဏကို ကွန်တိန်နာသင်္ဘော အသစ်များ မှာကြားထားသည်ဟု Linerlytica မှ အချက်အလက် ထုတ်ပြန်ခဲ့သည်။

MSC အသစ်မှာကြားထားသော TEU စုစုပေါင်းသည် ဂျာမန်မှ အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd ပြေးဆွဲနေသည့် TEU စုစုပေါင်းထက် ပိုများသည်။ Hapag-Lloyd သည့် ကမ္ဘာ့ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်သည်။ 

ကွန်တိန်နာသင်္ဘောလိုင်း အသီးသီးတို့၏ ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားထားသည့် TEU စုစုပေါင်းများအရ ကြည့်လျှင် MSC မှာကြားထားသည့် TEU စုစုပေါင်းသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Maersk ၊ ကမ္ဘာ့တတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း CMA CGM ၊ ကမ္ဘာ့ စတုတ္ထအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း COSCO တို့ မှာကြားထားသည့် TEU စုစုပေါင်းထက် ပိုများသည်။ 

မှာကြားထားသော ကွန်တိန်နာသင်္ဘော အသစ်များကို ၂၀၂၃ နှင့် ၂၀၂၄ တို့တွင် စတင်ရရှိမည်။ 

 

Annotation_2022-06-090989.jpg

MSC သည် ပြီးခဲ့သည့် ၂၆ လတာအတွင်း တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော စီးရေ ၂၄၀ ခန့် ဝယ်ယူခဲ့သည်ဟု Alphaliner က အချက်အလက် ထုတ်ပြန်ခဲ့သည်။ 

 

၁၉၇၀ ဝန်းကျင်တွင် MSC သည် စင်းလုံးငှား။ချာတာအငှား သင်္ဘောများဖြင့် ပြေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ဝန်းကျင်မှစ၍ ကုမ္ပဏီပိုင် သင်္ဘောစီးရေနှင့် TEU ကို တိုးမြှင့်လာခဲ့ရာ ယခုအခါ စုစုပေါင်း TEU ၏ ၆၉% သည် ကုမ္ပဏီပိုင် သင်္ဘောများ ဖြစ်နေပြီ ဖြစ်သည်။ 

Source splash247

Read times
Rate this item
(0 votes)