Containers

တတိယ ၃လပတ်တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် OOCL ရရှိခဲ့

တတိယ ၃လပတ်တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် OOCL ရရှိခဲ့

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

တရုတ်နိုင်ငံမှ  Cosco Shipping  ၏ လက်အောက်ခံလုပ်ငန်း  OOIL (Orient Overseas International) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ဟောင်ကောင် အခြေစိုက် ကွန်တိန်နာသင်္ဘောလိုင်း OOCL ၏ တတိယ ၃လပတ် ဝင်ငွေ အခြေအနေ မြင့်မားခဲ့သည်။ ယခင်နှစ်ထက် ၃.၄% လျော့ကျခဲ့သော်လည်း တတိယ ၃လပတ်တွင် 1,748,082 teu ပို့ဆောင်ပေးခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိခဲ့ပါသည်။ ပေ ၂၀ ကွန်တိန်နာတစ်လုံး ပို့ဆောင်ခ ပျမ်းမျှနှုန်းထား $2,886 ရရှိခဲ့ပါသည်။ 

ယခုနှစ် ၃လပတ် သုံးခု စုစုပေါင်း ၉ လတာ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅.၅ ဘီလီယံ ဖြစ်ပါသည်။ 

အာရှ-ဥရောပ ခရီးစဉ်များအတွက်  384,919 teu ပို့ဆောင်ခဲ့ပြီး ပစိဖိတ် ဖြတ်သန်းခရီးစဉ်များအတွက်  419,386 teu ပို့ဆောင်ခဲ့ပါသည်။ 

OOCL အတွက် အဓိက ခရီးစဉ်များဖြစ်သည့် အာရှတွင်းနှင့် ဩစတေးလျ ခရီးစဉ်များအတွက် 829,752 teu ပို့ဆောင်ခဲ့ပါသည်။ 

.

Cosco Shipping သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး သင်္ဘောလိုင်း ဖြစ်ပါသည်။ ပထမနေရာတွင် MSC ၊ ဒုတိယနေရာတွင် Maersk နှင့် တတိယနေရာတွင် CMA CGM ရှိနေပါသည်။ 

.

Cosco Shipping တွင် သင်္ဘော ၄၆၅  စီးရှိပြီး စုစုပေါင်း teu ၂.၉ သန်း ရှိပါသည်။ သင်္ဘောကျင်းများတွင် သင်္ဘောအသစ် ၃၄ စီး မှာကြားထားပြီး  စုစုပေါင်း teu  မှာ  587,000 ဖြစ်ပါသည်။ ယင်း ၃၄ စီးတွင် နောက်နှစ်မှာ 23,000 teu  အရွယ်အစား ကွန်တိန်နာသင်္ဘော ၁၂ စီး အသစ် ရရှိမည် ဖြစ်ပါသည်။ ၂၀၁၄ တွင် 16,000 teu  အရွယ်အစား ကွန်တိန်နာသင်္ဘော ၁၀ စီးကို OOCL. အတွက် ရရှိမည် ဖြစ်ပါသည်။ 

Source gcaptain

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times
Rate this item
(0 votes)