Cosco က မက်သနောသုံး အကြီးစား ကွန်တိန်နာသင်္ဘောအသစ်များ ဒေါ်လာ ၂.၉ ဘီလီယံဖိုး မှာကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ် ကွန်တိန်နာသင်္ဘောလိုင်း ကုမ္ပဏီကြီး Cosco Shipping Holdings သည် အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံနီးပါးတန်ဖိုးရှိ မက်သနော လောင်စာသုံး 24,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘော၁၂ စီးကို မှာကြားခဲ့ပါသည်။
.
အမှာစာများမှာ Cosco လက်အောက်ရှိ ကွန်တိန်နာ သင်္ဘောလိုင်းများ ဖြစ်သော Orient Overseas Container Line (OOCL) အတွက် ၇ စီးနှင့် Cosco Shipping Lines အတွက် ၅ စီး မှာကြားပေးခြင်း ဖြစ်ပါသည်။
ကွန်တိန်နာသင်္ဘော တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၂၃၉.၈၅ သန်း ကုန်ကျပါသည်။
.
ဂျပန်နိုင်ငံမှ Kawasaki Heavy Industries နှင့် ဖက်စပ်ထူထောင်ထားသော Cosco ၏ သင်္ဘောသစ် တည်ဆောက်သည့် သင်္ဘောကျင်း Dalian Cosco KHI Ship Engineering နှင့် Cosco KHI Ship Engineering တို့က အဆိုပါ ကွန်တိန်နာသင်္ဘော ၁၂ စီးကို တည်ဆောက်ပေးမည် ဖြစ်ပါသည်။
၂၀၂၆ တတိယ၃လပတ်နှင့် ၂၀၂၈ တတိယ၃ လပတ်အကြားတွင် အပြီးအစီး တည်ဆောက်ပြီး လက်လွှဲပြောင်း အပ်နှံရမည် ဖြစ်ပါသည်။
.
ရှန်ဟိုင်း စတော့အိပ်ချိန်းနှင့် ဟောင်ကောင်စတော့အိပ်ချိန်းတို့တွင် စာရင်းဝင် ဖြစ်သော Cosco Shipping သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး သင်္ဘောလိုင်းဖြစ်ပြီး ကွန်တိန်နာသင်္ဘော အကြီးစား အသစ် ၁၂ စီးကို မက်သနောလောင်စာ သုံးစွဲရန် ရွေးချယ်ခဲ့ပါသည်။
.
ဒိန်းမတ်နိုင်ငံမှ A.P. Moller-Maersk က ယခုနှစ် ၂၀၂၂ ဇွန်လတွင် မက်သနော လောင်စာသုံး 16,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘောများကို တောင်ကိုရီးယားနိုင်ငံမှာ မှာကြားခဲ့ပါသည်။
ပြင်သစ်မှ CMA CGM က 15,000 teu အရွယ်အစား မက်သနော လောင်စာသုံး ကွန်တိန်နာသင်္ဘောများကို တရုတ်နိုင်ငံမှာ မှာကြားခဲ့ပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U