MSC တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော ၃ စီး ဆက်တိုက်ဝယ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Mediterranean Shipping Co (MSC) သည် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ အလုံးအရင်းဖြင့် သမိုင်းတွင်အောင် ဝယ်ယူခြင်းများကို ၂၀၂၀ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။
ယခု နောက်ထပ် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော ၃ စီး ဆက်တိုက် MSC ဝယ်ယူလိုက်ပြန်သည်။ သို့ဖြစ်ရာ ယခုအခါ MSC တွင် ကွန်တိန်နာသင်္ဘော စီးရေ ၂၅၀ ရှိနေပြီ ဖြစ်သည်။
.
ပင်လယ်ရေကြောင်း သင်္ဘောလုပ်ငန်းကဏ္ဍ သုတေသနလုပ်ငန်း Alphaliner မှ ထုတ်ပြန်ချက်အရ MSC သည်
5,618 teu, အရွယ်အစားရှိသည့် ၁၉၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့သော ညီအစ်မ ကွန်တိန်နာသင်္ဘော နှစ်စီး ဖြစ်သည့် Conti Canberra နှင့် Conti Darwin တို့ကိုလည်းကောင်း၊
သက်တမ်း ၁၄ နှစ်ရှိ 2,702 teu အရွယ်အစား X-Press Kanchenjunga ကိုလည်းကောင်း
ရှေ့ဆင့်နောက်ဆင့် ဆက်တိုက် ဝယ်ယူခဲ့သည်။
.
ယခင်တုန်းက Maersk သည် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ခဲ့ပြီး MSC က တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ အများအပြား ဝယ်ယူလိုက်ပြီးသည့်နောက်တွင် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာခဲ့သည်မှာ ယနေ့အထိ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
.
MSC တွင် ရှိနေသော ကွန်တိန်နာသင်္ဘောများ အားလုံး၏ စုစုပေါင်း teu သည် ယခုနှစ်စတွင် ၄.၇၅ သန်း ရှိသည်။ သင်္ဘောကျင်းများတွင် သင်္ဘောအသစ်များ တည်ဆောက်ပေးရန် မှာကြားထားသည့် ကွန်တိန်နာသင်္ဘောများ အားလုံး၏ စုစုပေါင်း teu သည် ၁.၇ သန်း ရှိကြောင်း Alphaliner မှ ထုတ်ပြန်ပေးသည့် အချက်အလက်များအရ သိရသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U