Containers

ကွန်တိန်နာသင်္ဘောလိုင်းများ အကျဘက်သို့ ရောက်နေကြောင်း Maersk သတိပေး

ကွန်တိန်နာသင်္ဘောလိုင်းများ အကျဘက်သို့ ရောက်နေကြောင်း Maersk  သတိပေး

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကွန်တိန်နာသင်္ဘောလုပ်ငန်း Maersk သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ်တို့တွင် လိုအပ်မှုလျော့ကျပြီး ဝယ်လိုအား နှေးကွေးသွားကြောင်း သတိပေးခဲ့သည်။

ကုမ္ပဏီ၏  တတိယသုံးလပတ်ဝင်ငွေ လျာထားချက် ပြည့်မီခဲ့သော်လည်း ယခုနှစ်အတွင်း ကွန်တိန်နာပို့ဆောင်ရေး လိုအပ်မှု ပမာဏအတွက် ခန့်မှန်းချက်ကို လျှော့ချခဲ့သည်။

.

“ကွန်တိန်နာ ကုန်စည်ပို့ဆောင်ခတွေ အထွတ်အထိပ်ရောက်ခဲ့ပြီး သုံးလပတ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်သွားတယ်ဆိုတာ ရှင်းပါတယ်။ ဝယ်လိုအား လျော့ကျလာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်မှ ဆိပ်ကမ်းများမှာ သင်္ဘောများ စုပြုံကျပ်စို့မှုများ လျော့နည်းသွားခြင်းတို့ကြောင့် ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်" ဟု  အမှုဆောင်ချုပ် Soeren Skou  က ကြေညာချက်တွင် ပြောကြားထားသည်။ 

.

အများနှင့် သက်ဆိုင်သော ကုမ္ပဏီဖြစ်သည့် ကွန်တိန်နာသင်္ဘောလုပ်ငန်း Maersk ၏ ရှယ်ယာဈေးနှုန်းများ ၄.၄% အထိကျဆင်းခဲ့သည်။ ဇန်နဝါရီလ ၁၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော စံချိန်သစ်တင် အမြင့်ဆုံးဈေးနှုန်းထက် ၃၈% လျော့ကျနေပြီ ဖြစ်သည်။

.

ဒိန်းမတ်နိုင်ငံ၏ မြို့တော် ကိုပင်ဟေဂင် အခြေစိုက် ကုမ္ပဏီ ဖြစ်သော Maersk သည် ဈေးကွက်ဝေစု ၁၇ % ရရှိထားသည်။ 

 "ယူကရိန်းစစ်ပွဲနှင့်အတူ၊ ဥရောပတွင် စွမ်းအင်အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုနှင့်ကမ္ဘာ့စီးပွားရေးကျဆင်းမှု မိုးကုပ်စက်ဝိုင်းပေါ်တွင် မှောင်မိုက်သောတိမ်တိုက်များစွာ ရှိနေသည်" ဟု Skou ကပြောကြားခဲ့သည်။

 

 .maersk-sees-demand-.png

Maersk က ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာပို့ဆောင်ရေး လိုအပ်မှုပမာဏသည် ၂% မှ ၄% အထိ ကျဆင်းသွားသည်ကို တွေ့ရပြီး ၂၀၂၃ တွင်လည်း ဆက်လက်လျော့နည်းဦးမည် ဖြစ်သည်ဟု ခန့်မှန်းထားပါသည်။

Source reuters

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)