ကုန်စည်ကွန်တိန်နာ ရရှိမှု ရုတ်တရက် ကျဆင်းခဲ့သော်လည်း ONE အမြတ်ငွေ မြင့်တက်ခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘာ့သတ္တမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းဖြစ်သည့် Ocean Network Express (ONE) သည် ပြီးခဲ့သည့် သုံးလပတ်တွင် ကြီးမားသောအမြတ်ငွေ ကန်ဒေါ်လာ ၅.၅ ဘီလီယံရရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။
ကုန်စည်ကွန်တိန်နာ ပို့ဆောင်မှုနှုန်းထားများ မြင့်မားခဲ့ခြင်းဖြင့် သုံးလပတ်၏ နောက်ဆုံးနှစ်လတွင် ကုန်စည်ကွန်တိန်နာ ရရှိမှုရုတ်တရက်ကျဆင်းခြင်းကြောင့် ဝင်ငွေလျာ့ခြင်းကို ထေမိစေခဲ့သည်။
.
ONE ၏ ပြီးခဲ့သည့် သုံးလပတ်ဝင်ငွေများသည် ရေကြောင်း ကုန်စည်ကွန်တိန်နာများ ပို့ဆောင်ရေးဈေးကွက်၏ အခြေအနေများသည် အထိုက်အလျောက် ခိုင်မာမြဲမြံနေသေးသည်ကို ပြသသည်။ သို့သော် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကုန်စည်ကွန်တိန်နာ ရရှိမှုရုတ်တရက်ကျဆင်းခြင်းကို ကြုံခဲ့ရသည်။
.
ယခင်နှစ် အလားတူကာလထက် ယခုနှစ်တွင် ရရှိသည့် အမြတ်သည် ၃၁% ခုန်တက်ခဲ့သည်။ ဈေးကွက် အခြေအနေ ကျဆင်းနေသော်လည်း ၂၀၂၂ စက်တင်ဘာလတွင် အဆုံးသတ်သည့် သုံးလပတ်အတွင်း ကုန်စည်ကွန်တိန်နာ ပို့ဆောင်ခနှုန်းထားများ ဆက်လက်မြင့်မားနေခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အမြတ် ရရှိသည့် အခြေအနေ ကောင်းမွန်စေခဲ့သည်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U