Containers

Wan Hai Lines ကွန်တိန်နာသင်္ဘောအသစ် ၃ စီး အမည်ပေးပွဲ ဂျပန်သင်္ဘောကျင်းတွင် ကျင်းပ

Wan Hai Lines ကွန်တိန်နာသင်္ဘောအသစ် ၃ စီး အမည်ပေးပွဲ ဂျပန်သင်္ဘောကျင်းတွင် ကျင်းပ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Wan Hai Lines Ltd. က ကွန်တိန်နာသင်္ဘောအသစ် ၃ စီး  WAN HAI 355, WAN HAI 357 and WAN HAI 360 အမည်ပေး အခမ်းအနားကို Japan Marine United Corporation Kure Shipyard တွင် ၂၀၂၂ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပရဟိတအတွက် လှူဒါန်းမှုလည်း ပြုခဲ့ပါသည်။

.

WAN HAI 355, WAN HAI 357 and WAN HAI 360 တို့သည် 3,013 teu အရွယ်အစားရှိသည့် ကွန်တိန်နာသင်္ဘောများဖြစ်ပြီး Japan Marine United Corporation Kure Shipyard က တည်ဆောက်ပေးခဲ့ပါသည်။

ကွန်တိန်နာသင်္ဘော သုံးစင်းစလုံး “Smart Ship” ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိကြပါသည်။ စွမ်းအင် ထိရောက်စွာ သုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဖက်ကျခြင်းတို့ကို ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းထုတ်ထားပါသည်။

Wan Hai Lines လက်စွဲဆောင်ပုဒ်မှာ"ကျွန်ုပ်တို့ သယ်ဆောင်၊ ကျွန်ုပ်တို့ ဂရုစိုက်" “We carry, we care.” ဖြစ်ပါသည်။

အဆိုပါ ကွန်တိန်နာသင်္ဘောအသစ်များကို အာရှ-အမေရိက ခရီးစဉ်များတွင် အသုံးပြုမည် ဖြစ်ပါသည်။

.

ယခုနှစ် ဩဂုတ်လတွင် Wan Hai Lines Ltd. သည် ၎င်းဂျပန်သင်္ဘောကျင်းတွင်  ပထမဆုံး TEU 3,013 သင်္ဘောကို အမည်ပေးခြင်းအခမ်းအနား ကျင်းပခဲ့ပါသည်။

Source offshore-energy

Read times
Rate this item
(0 votes)