HMM ၃ လတာ ဝင်ငွေ ကန်ဒေါ်လာ ၄ ဘီလီယံနီးပါး ရရှိခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်ကိုရီးယားနိုင်ငံမှ ကွန်တိန်နာသင်္ဘောလိုင်း Hyundai Merchant Marine - HMM က သုံးလပတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဝင်ငွေ ဝမ် ၅.၁ ထရီလီယံ (ကန်ဒေါ်လာ ၃.၇၆ ဘီလီယံ) ရရှိခဲ့ပြီး အသားတင်အမြတ်ငွေ ဝမ် ၂.၆၁ ထရီလီယံ (ကန်ဒေါ်လာ ၁.၉၁ ဘီလီယံ) ရရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် ဝင်ငွေစုစုပေါင်း ဝမ် 15 ထရီလီယံ (ဒေါ်လာ 11.13 ဘီလီယံ) ရရှိခဲ့ပါသည်။ အသားတင်အမြတ်မှာ ဝမ် ၈.၆ ထရီလီယံ (ကန်ဒေါ်လာ ၆.၄၁ ဘီလီယံ) ရရှိခဲ့ပါသည်။
.
"HMM သည် ၂၀၂၂ ခုနှစ်တွင် ကိုးလကြာ စုစုပေါင်း ပမာဏများအရ အမြတ်မာဂျင် ၅၇.၇% ခိုင်ခိုင်မာမာ ရရှိထားပါသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
“HMM သည် အမြတ်ရနိုင်စွမ်းကို အမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး တစ်ချိန်တည်းမှာ ကုန်ကျစရိတ်များ လျော့ကျအောင်လည်း စီမံဆောင်ရွက်သွားမည်" ဟု ဆိုပါသည်။
.
၂၀၂၂ ဇူလိုင်လတွင် HMM က ကန်ဒေါ်လာ ၁၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီကို ကြီးထွားအောင် လုပ်ဆောင်မည့် မဟာဗျူဟာကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ HMM ၏ ကွန်တိန်နာသင်္ဘောများ၏ စုစုပေါင်း TEU ကို လက်ရှိ ၈၂၀,၀၀၀ မှ ၁.၂ သန်း ဖြစ်အောင် ကွန်တိန်နာ သင်္ဘောအသစ်များ ဖြည့်တင်းသွားမည် ဖြစ်သည်။ ထို့ပြင် ကွန်တိန်နာဆိပ်ခံများကိုလည်း ဝယ်ယူမည် ဖြစ်ပါသည်။
Source freightwave
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U