Containers

Yang Ming ကွန်တိန်နာသင်္ဘောလိုင်း ၃လတာတွင် အမြတ် ဒေါ်လာ ၁.၇ ဘီလီယံ ရရှိခဲ့

Yang Ming  ကွန်တိန်နာသင်္ဘောလိုင်း ၃လတာတွင် အမြတ် ဒေါ်လာ ၁.၇ ဘီလီယံ ရရှိခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်ဝမ်မှ  Yang Ming Marine Transport Corp. က တတိယ၃လပတ်မှာ အခွန်ဆောင်ပြီး အမြတ် ထိုင်ဝမ်အသစ်ဒေါ်လာ NT$ ၄၉.၇၅ ဘီလီယံ (ကန်ဒေါ်လာ ၁.၇ ဘီလီယံ) ရရှိကြောင်း အစီရင်ချက် ထုတ်ပြန်ကြေညာပါသည်။

တတိယ၃လပတ်မှာ ဝင်ငွေ စုစုပေါင်း ထိုင်ဝမ်အသစ်ဒေါ်လာ ၉၉.၈၁ ဘီလီယံ (ကန်ဒေါ်လာ ၃.၄၁ ဘီလီယံ) ရရှိခဲ့ပါသည်။

 .

ပထမသုံးလပတ် ၃ ခု ၉ လတာမှာ အခွန်ဆောင်ပြီးအမြတ် ထိုင်ဝမ်ဒေါ်လာအသစ် ၁၆၅.၈၆ ဘီလီယံ (ကန်ဒေါ်လာ ၅.၆၆ ဘီလီယံ) ရရှိခဲ့ပါသည်။ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာအသစ် ၃၁၅.၉၆ ဘီလီယံ (ကန်ဒေါ်လာ ၁၀.၇၉ ဘီလီယံ) ရရှိခဲ့ပါသည်။

.

"၂၀၂၂ ခုနှစ် ပထမသုံးလပတ် ၃ ခုအတွင်း 

ဆက်လက်ဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု မြင့်တက်မှုသည် ကွန်တိန်နာသင်္ဘောလုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့ပါသည်" ဟု Yang Ming ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

"မဖြေရှင်းရသေးသော ဆိပ်ကမ်းပိတ်ဆို့မှုနှင့် အမေရိကန် အနောက်ဘက်ကမ်းခြေ စာချုပ်ညှိနှိုင်းမှုများ ရပ်တန့်သွားခြင်းသည် ကုန်စည်ပို့ဆောင်ရေးကွင်းဆက်တွင် မသေချာမရေရာမှုကို တိုးစေပါသည်။ အဆိုပါစိန်ခေါ်မှုများကိုရင်ဆိုင်ရချိန်တွင် Yang Ming သည် အချိန်ဇယားမှန်ကန်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး စတုတ္ထသုံးလပတ်တွင် အကောင်းမျှော်လင့်ခြင်းကို ဆက်လက် သတိထားသွားမည် ဖြစ်ပါသည်” ဟု Yang Ming ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source freightwave

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)