ကွန်တိန်နာ သင်္ဘောလိုင်းများ ယခင်နှစ် စံချိန်သစ်တင် အမြတ်ထက် ယခုနှစ်တွင် ထက်ဝက် ပိုများမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာ သင်္ဘောလိုင်းများသည် ယမန်နှစ် စံချိန်တင်အမြတ်ငွေထက် ယခုနှစ်တွင် ၅၀% ပိုများပြီး စံချိန်ချိုးမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြသည်။
.
ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခ လက်ငင်းပေါက်ဈေးနှုန်းများ လျင်မြန်စွာ ကျဆင်းခဲ့သော်လည်း ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ကျွမ်းကျင်သူ John McCown က ကွန်တိန်နာသင်္ဘောလိုင်းများသည် ယခုနှစ် တစ်နှစ်တာအတွက် အသားတင်အမြတ် ကန်ဒေါ်လာ ၂၂၃.၄ ဘီလီယံ ရရှိလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။ ယမန်နှစ် စံချိန်သစ်တင်ခဲ့သည့် အမြတ်ထက် ၅၀.၆% ပိုများပြီး စံချိန်ချိုးလိမ့်မည်ဟု ဆိုသည်။
.
အမေရိကန်နိုင်ငံမှ Blue Alpha Capital လုပ်ကိုင်သူ John McCown က ကွန်တိန်နာသင်္ဘောလိုင်းများအတွက် နောက်ဆုံး၃လပတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ဒုတိယ ၃လပတ်တွင် ကွန်တိန်နာသင်္ဘောလိုင်းများ ဝင်ငွေ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်။တတိယ၃လပတ်တွင်လည်း ဝင်ငွေ ဆက်လက် ကောင်းမွန်နေခဲ့သည်။ လက်ငင်းပေါက်ဈေးနှုန်းများ ကျဆင်းခဲ့သည်မှာ မှန်သော်လည်း ကွန်တိန်နာသင်္ဘောလိုင်းများသည် ကန်ထရိုက်ဖြင့် ပြေးဆွဲသောကြောင့် ကန်ထရိုက်စာချုပ်တွင် သဘောတူထားသည့် ပို့ဆောင်ခနှုန်းထားများကို တတိယ၃လပတ်တွင် ဆက်လက် ရရှိခဲ့ကြသည်။
‘
McCown က ခန့်မှန်းထားသည်မှာ လက်ငင်းပေါက်ဈေးကွက်တွင် ပြေးဆွဲသော ကွန်တိန်နာသင်္ဘော teu စုစုပေါင်းသည် ကမ္ဘာ့ကွန်တိန်နာသင်္ဘောအာလုံး စုစုပေါင်း teu ၏ ၂၀%, ထက် မကျော်ချေ။ သို့ဖြစ်ရာ ပေါက်ဈေးနှုန်းများ ကျဆင်းသော်လည်း ကွန်တိန်နာသင်္ဘော အများစုတို့၏ ရေရှည်ကန်ထရိုက် စာချုပ် နှုန်းထားများ ကျဆင်းခြင်း မရှိချေ။
.
McCown က ခန့်မှန်ထားသည်မှာ တတိယ ၃ လပတ်တွင် ကွန်တိန်နာသင်္ဘောလိုင်းများ အားလုံး စုစုပေါင်း အသားတင်အမြတ် ကန်ဒေါ်လာ ၅၈.၉ ဘီလီယံ ရရှိကြမည်။
Source: splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U