Containers

ဂေဟမိတ်ဘက်ကျ Maersk Acadia ကို ဂျပန်သင်္ဘောပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်

ဂေဟမိတ်ဘက်ကျ Maersk Acadia ကို ဂျပန်သင်္ဘောပိုင်ရှင်ထံ  လွှဲပြောင်းပေးအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Chinese Yangzijiang Shipbuilding ၏ လက်အောက်ခံလုပ်ငန်း Jiangsu New Yangzi Shipbuilding Co., က ဂေဟမိတ်ဘက်ကျ 3,500 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော Maersk Acadia ကို လွှဲပြောင်းပေအပ်ခဲ့ပါသည်။ 

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ နိုဝင်ဘာလ ၃၀ ရက် တွင် ကုမ္ပဏီ၏ သင်္ဘောကျင်းတွင် ကျင်းပခဲ့ပါသည်။

.

အဆိုပါ သင်္ဘောသည် ဂျပန်သင်္ဘောပိုင်ရှင်  Lepta Shipping အတွက် ၁၀ စီး အမှာစာပေးထားသည့်အနက် ပထမဆုံး တည်ဆောက်ပြီးစီးသည့် သင်္ဘော ဖြစ်ပါသည်။ 

.

Lepta Shipping သည် Japanese Nissen Kaiun နှင့် ကုန်သွယ်မှုူလုပ်ငန်း Mitsui & Co.  တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။ 

.

Maersk Acadia ကို ဒိန်းမတ်နိုင်ငံမှ မဟာသင်္ဘောလုပ်ငန်းကြီး A.P. Moller Maersk က ချာတာငှားရမ်းထားပြီး ဖြစ်ပါသည်။ ခေါက်တိုပြေးသည့် feeder အဖြစ် အသုံးပြုမည် ဖြစ်ပါသည်။ 

.

Maersk Acadia သည် အလျား မီတာ ၂၀၀ ၊ အကျယ် ၃၆.၄ မီတာ ရှိပါသည်။ 

.

International Maritime Organisation’s (IMO)၏ နောက်ဆုံးထုတ် စည်းမျဉ်းစည်းကမ်း လိုအပ်ချက်များနှင့် အညီ တည်ဆောက်ထားပါသည်။ IMO ၏ Energy Efficiency Design Index (EEDI) III နှင့် ကိုက်ညီအောင် နည်းပညာများနှင့် ဒီဇိုင်းတို့ကို သုံးစွဲထားပါသည်။ 

.

Maersk  net-zero emissions ကို ၎င်း၏ လုပ်ငန်းတစ်ခုလုံးတွင် ၂၀၄၀ မှာ ရရှိရန် ရည်မှန်းချက် ထားရှိပါသည်။ ထိုရည်မှန်းချက် ရရှိရန် သင်္ဘောအသစ်များကို နည်းပညာအသစ်များဖြင့် တည်ဆောက်ရန် အမှာစာများ မှာကြားလျက် ရှိပါသည်။ 

Source gcaptain


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)