Evergreen, Yang Ming , CMA CGM တို့က သင်္ဘောအသစ်များ မှာကြားရန် ဆွေးနွေးညှိနှိုင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာရေကြောင်း ပို့ဆောင်ရေး ဈေးကွက်သည် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ပြန်လည် ကျဆင်းနေသော်လည်း ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာသင်္ဘောလိုင်းများသည် သင်္ဘောအသစ်များ မှာကြားရန် သင်္ဘောကျင်းများနှင့် ဆေွးနွေး ညှိနှိုင်းနေကြသည်။
ထိပ်တန်း ကွန်တိန်နာသင်္ဘောလိုင်း ၁၀ ခုအနက် အနည်းဆုံး ၃ ခုသည် အာရှသင်္ဘောကျင်းများတွင် သင်္ဘောအသစ်တည်ဆောက်ရန် အမှာစာများအကြောင်း ကြေညာရန် နီးစပ်နေပြီဟု Alphaliner မှ သတင်းထုတ်ပြန်ပါသည်။
.
ထိုင်ဝမ် ကွန်တိန်နာသင်္ဘောလိုင်း Evergreen Marine သည် အရွယ်အစား ၁၅,၀၀၀ မှ ၁၇,၀၀၀ အထိ ရှိသော ကွန်တိန်နာသင်္ဘောများ အတွဲလိုက် မှာကြားရန် သင်္ဘောကျင်းနှင့် ဆွေးနွေးညှိနှိုင်းနေသည်။ အနည်းဆုံး ၁၀ မှ အများဆုံး အစီး ၂၀ အထိ မှာကြားမည့် အစီအစဉ် ဖြစ်သည်။
.
ထိုင်ဝမ်မှ Yang Ming ကွန်တိန်နာသင်္ဘောလိုင်းကလည်း 15,000 teu ကွန်တိန်နာသင်္ဘော အသစ် ၅ စီး မှာကြားမည် ဖြစ်သည်။ ထိပ်တန်း(၁၀) ကွန်တိန်နာသင်္ဘောလိုင်းများတွင် သင်္ဘောအသစ် မမှာကြားသည့် သင်္ဘောလိုင်းဟူ၍ Yang Ming ကွန်တိန်နာသင်္ဘောလိုင်း တစ်လိုင်းတည်းသာ ရှိခဲ့သည်။
.
ပြင်သစ်မှ CMA CGM က Dalian Shipbuilding Industry Co (DSIC) သင်္ဘောကျင်းတွင် မက်သနောဖြင့် ခုတ်မောင်းသည့် သင်္ဘော ၆ စီးကို ဇွန်လက မှာကြားခဲ့ပြီး ယခု ၆ စီး ထပ်တိုးပြီး မှာကြားမည် ဖြစ်သည်။
.
လာမည့်သီတင်းပတ်များအတွင်း အမှာစာများကို အတည်ပြုကြလိမ့်မည်ဖြစ်ပြီး ကွန်တိန်နာသင်္ဘောအသစ် မှာကြားထားသည့် ပမာဏ ၏ုစုပေါင်းသည် teu ၈ သန်းအထိ ဖြစ်လာမည် ဖြစ်သည်ဟု Alphaliner မှ အပတ်စဉ် ထုတ်ပြန်သည့် သတင်းလွှာတွင် ဖော်ပြထားသည်။ လက်ရှိ ပြေးဆွဲနေသည့် ကွန်တိန်နာသင်္ဘောများ၏ စုစုပေါင်း teu ပမာဏကို ၃၄% တိုးသွားမည် ဖြစ်သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U