ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောအသစ် ကုန်အပြည့်မပါဘဲ ဗွေဆော်ဦး ခရီးနှင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၄,၀၀၄ teu အရွယ်အစားရှိသော ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောအသစ် Ever Atop သည် စူးအက်တူးမြောင်းကို ဖြတ်သန်းပြီး မြောက်ဥရောပသို့ ဗွေဆော်ဦး ခရီးစဉ်ကို ခရီးနှင်ခဲ့ပါသည်။
အလွန်တရာ ကြီးမားသော ကွန်တိန်နာသင်္ဘော Ultra Large Container Vessel (ULCV) ဖြစ်သည့် Ever Atop သည် ၎င်းအရွယ်အစား ကွန်တိန်နာသင်္ဘော ၂၄ စီး အသစ်တည်ဆောက်ရန် မှာကြားခဲ့ရာ၌ နောက်ဆုံး ၂၄ စီးမြောက် ကွန်တိန်နာသင်္ဘော ဖြစ်သည်။
ထိုင်ဝမ်ကွန်တိန်နာသင်္ဘောလိုင်း Evergreen မှ ကွန်တိန်နာသင်္ဘောဖြစ်သည်။
Ever Atop သည် စုစုပေါင်း သယ်ဆောင်နိုင်သည့် ပမာဏ၏ လေးပုံသုံးပုံအောက်ကုိသာ တင်ဆောင်ပြီး ခရီးနှင်ခဲ့ခြင်းဖြစ်ပါသည်။
တင်စရာ ကွန်တိန်နာ မရရှိသည့် Ever Atop ၏ ဗွေဆော်ဦး ခရီးစဉ် သည် ၎င်းကုန်သွယ်ရေကြောင်းလမ်းတွင် ပို့ဆောင်လိုသော ကွန်တိန်နာ ပမာဏ သိသိသာသာ လျော့ကျနေပြီး ကွန်တိန်နာသင်္ဘောများက ပို့ဆောင်ပေးနိုင်သော ပမာဏထက် ပို့ဆောင်လိုသော ကွန်တိန်ပမာဏက များစွာလျော့နည်းနေကြောင်း သိသာထင်ရှားသွားစေခဲ့ပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U