ရပ်နားထားသော ကွန်တိန်နာသင်္ဘောများ လာမည့်နှစ်တွင် ပိုများလာမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
လွန်ခဲ့သော ၁၂ လခန့်က ၂၀၀၉ ခုနှစ်တွင်တည်ဆောက်ခဲ့သော 4,253 teu အရွယ်အစားရှိ ကွန်တိန်နာသင်္ဘော Synergy Oakland သည် ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd နှင့် နှစ်လကြာ စင်းလုံးငှားရန် တစ်ရက်လျှင် $160,000 နှုန်းဖြင့် ဈေးတည့်ခဲ့ကြသည်။
.
ကပ်ရောဂါမဖြစ်ပွားမီကာလတွင် တစ်ရက်လျှင် ကန်ဒေါ်လာ ၁၀,၀၀၀ ရရှိခြင်းသည် ကံကောင်းထောက်မခြင်းဟု ဆိုကြသည်။ ကိုဗစ်ကာလအတွင်း ငှားရမ်ခများ မကြုံစဖူး ထူးကဲစွာဖြင့် မြင့်တက်ခဲ့သည်။ ၃လတာ အငှားကို တစ်ရက် $202,000 ဖြင့် ငှားရမ်းသည်အထိ မြင့်တက်သည်။ ၃လ စာ ကန်ဒေါ်လာ ၁၈ သန်း ကုန်ကျသည်။
.
Hapag-Lloyd စင်းလုံးငှား သက်တမ်းကုန်ဆုံးပြီးနောက် Synergy Oakland သည် တစ်ရက်လျှင် $180,000 ဖြင့် ကာလတို အငှားတစ်ခု ရသည်။ ထို့နောက် ၄ နှစ်အငှားတစ်ခု ရရှိသည်။ အစ္စရေးနိုင်ငံမှ ကွန်တိန်နာသင်္ဘောလိုင်း Zim က တစ်ရက်လျှင် $42,000 ဖြင့် ငှားရမ်းခဲ့သည်။ ကန်ထရိုက်သက်တမ်း ၄ နှစ်စာအတွက် ငှားရမ်းခစုစုပေါင်းမှာ ကန်ဒေါ်လာ ၆၁ သန်း ကုန်ကျသည်။
.
ထိုအခြေအနေသည် ယခုအခါ ပြောင်းလဲသွားပြီ ဖြစ်သည်။ နွေရာသီမှစ၍ ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးဈေးကွက်တွင် ဈေးနှုန်းများ ထိုးကျသည်။ panamax အရွယ်အစား ကွန်တိန်နာသင်္ဘော ငှားရမ်းခသည် တစ်ရက် $20,000 ခန့်သို့ ထိုးကျသွားသည်။
.
နောက်နှစ် ပထမ၃လပတ်တွင် သင်္ဘောကျင်းများ၌ တည်ဆောက်နေသည့် ကွန်တိန်နာသင်္ဘောအသစ်များ တည်ဆောက်ပြီးစီးပြီး ကွန်တိန်နာသင်္ဘောဈေးကွက်ထဲသို့ ဝင်လာကြမည်။ ထိုအခါ ဈေးကွက်ထဲတွင် ကွန်တိန်နာသင်္ဘောများ အလျှံပယ် ဖြစ်နေမည်။ ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးဈေးကွက်တွင် ဈေးနှုန်းများ အနိမ့်တွင် ရှိနေမည့်အပြင် ကွန်တိန်နာသင်္ဘောငှားရမ်းခများသည်လည်း အနိမ့်တွင် ရှိနေလိမ့်မည်ဖြစ်သည်။
ထိုအခြေအနေတွင် ဈေးကွက်ထဲမှ ကွန်တိန်နာသင်္ဘောအချို့ မလွဲမသွေ ထွက်ခွာကြရလိမ့်မည်။ သက်တမ်းရင့်သည့် ကွန်တိန်နာသင်္ဘောများသည် သင်္ဘောဖျက်သည့်ဆီသို့ ပို့ခံရလိမ့်မည်ဖြစ်သည်။
သက်တမ်းမရင့်သေးသော ကွန်တိန်နာသင်္ဘောအချို့ကို ပိုင်ရှင်တို့က အနားပေးထားကြခြင်းဖြင့် ဈေးကွက်ထဲ ကွန်တိန်နာသင်္ဘောများ ပိုလျှံနေသည်ကို ချိန်ညှိကြမည် ဖြစ်သည်။
.
Synergy Oakland သည် အငှားသက်တမ်းကာလတွင် ရှိနေသော်လည်း ငှားရမ်းထားသူက ကွန်တိန်နာများ အလုံအလောက် မရသဖြင့် သင်္ဘောကို တရုတ်နိုင်ငံ နင်းဘိုဆိပ်ကမ်းတွင် ရပ်နားထားသည်မှာ ဒီဇင်ဘာလ ၁၉ ရက်ကတည်းက ဖြစ်သည်။
.
Alphaliner ၏ အချက်အလက်များအရ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ်နားထားသေ ကွန်တိန်နာသင်္ဘောများ၏ စုစုပေါင်း teu ၁.၄ သန်း ရှိနေပြီး စီးရေမှာ ၂၆၁ စီး ရှိနေသည်။
ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ စုစုပေါင်း teu ၏ ၅.၃% ကို ရပ်နားထားကြရခြင်း ဖြစ်သည်။
ထိုသို့ ရပ်နားထားသော ကွန်တိန်နာသင်္ဘောများ လာမည့်နှစ်တွင် ပိုများလာမည်ဖြစ်ပါသည်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U