MSC ၏ 24,100 TEU ဧရာမကွန်တိန်နာသင်္ဘောအသစ် တရုတ်နိုင်ငံတွင် ရေချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် တရုတ်နိုင်ငံမှ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း Hudong-Zhonghua Shipbuilding က ဆွစ်ဇာလန်နိုင်ငံမှ သင်္ဘောလုပ်ငန်းကြီး Mediterranean Shipping Company (MSC) အတွက် တည်ဆောက်ခဲ့သော တတိယမြောက် 24,100 TEU အရွယ်အစား ကွန်တိန်နာသင်္ဘောကို Changxing Shipbuilding သင်္ဘောကျင်းတွင် ရေချခဲ့ပါသည်။
အဆိုပါ ကွန်တိန်နာသင်္ဘောကို Hudong-Zhonghua Shipbuilding ကဒီဇိုင်း ထုတ်ခဲ့ပါသည်။
အဆိုပါ ကွန်တိန်နာသင်္ဘောသည် အလျား မီတာ ၄၀၀ ၊ အကျယ် ၆၁.၅ မီတာ ရှိပါသည်။
ကုန်တန်ချိန် ၂၄၀,၀၀၀ ကျော်အထိ တင်ဆောင်နိုင်သည်။ ပေ ၂၀ ကွန်တိန်နာ လုံးရေ ၂၄,၁၁၆ ခု တင်ဆောင်နိုင်ပါသည်။
လက်ရှိတွင် ၎င်းကွန်တိန်နာသင်္ဘောသည် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ စာရင်းဝင်ပါသည်။
၎င်းကွန်တိန်နာသင်္ဘောတွင် သဘာဝပတ်ဝန်းကျင် မိတ်ဘက်ကျခြင်း၊ စွမ်းအင်ထိရောက်စွာ သုံးစွဲခြင်း စသည့် အစီအမံများ ပါဝင်သည်။
MSC က တရုတ်သင်္ဘောကျင်းတွင် 24,116 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော အသစ် ၄ စီး မှာကြားထားပြီး ပထမဆုံးတစ်စီးကို ၂၀၂၂ ဩဂုတ်လတွင် ရေချခဲ့ပါသည်။ ဒုတိယတစ်စီးကို အောက်တိုဘာလတွင် ရေချခဲ့ပါသည်။
Source offshore energy
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U