Containers

Euroseas က ကွန်တိန်နာသင်္ဘောအို ကန်ဒေါ်လာ ၁၄.၂ သန်းဖြင့် ရောင်းထုတ်

Euroseas က ကွန်တိန်နာသင်္ဘောအို ကန်ဒေါ်လာ ၁၄.၂ သန်းဖြင့် ရောင်းထုတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂရိမှ ကွန်တိန်နာသင်္ဘောလိုင်း Euroseas သည် ၂၀၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့သော post-panamax အရွယ်အစား ကွန်တိန်နာသင်္ဘောအို  Akinada Bridge ကို ဒေါ်လာ ၁၄.၂ သန်းဖြင့် ရောင်းချခဲ့သည်။

ဝယ်ယူသူအား ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း  သက်တမ်း ၂၁  နှစ်ရှိပြီဖြစ်သည့်  ကွန်တိန်နာသင်္ဘောအိုကို ပါကစ္စတန်ရှိ သင်္ဘောဖျက် လုပ်ငန်းထံ ရောင်းချခြင်းဖြစ်ကြောင်း ပွဲစားများက ပြောကြားကြသည်။

5,610 teu အထိ တင်ဆောင်နိုင်သည့် Akinada Bridge ကို ၂၀၂၃ ဇန်နဝါရီလတွင် လက်လွှဲပြောင်း အပ်နှံမည် ဖြစ်သည်။

အစ္စရေးမှ ကွန်တိန်နာသင်္ဘောလိုင်း ZIM နှင့် တစ်ရက် ဒေါ်လာ ၂၀,၀၀၀ စင်းလုံးငှား အငှားသက်တမ်း ပြည့်ခဲ့ပြီးနောက် Akinada Bridge ကို

 ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်၍ သင်္ဘောကျင်းတွင် လွန်းတင်ထားသည်။

 

Euroseas တွင် သင်္ဘော ၁၇ စီးရှိပြီး feeder ကွန်တိန်နာသင်္ဘောအသစ် ၉ စီး မှာကြားထားသည်။ ၎င်းသင်္ဘောအသစ်များကို ၂၀၂၃ ပထမ၃လပတ်မှ ၂၀၂၄ စတုတ္ထ၃ လပတ်အထိ ကာလအတွင်း ရရှိမည် ဖြစ်သည်။

Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)