Evergreen အမြတ်အစွန်း မြင့်မားသဖြင့် လခ ၅၂ လစာအထိ နှစ်သစ်ကူးဆုကြေးပေး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Evergreen Marine Corp (長榮海運) နှင့် Yang Ming Marine Transport Corp (陽明海運) တို့သည် ယခုနှစ်တွင် ဝန်ထမ်းများကို နှစ်ကုန်ဆုကြေး ကြီးကြီးမားမား ချီးမြှင့်ကြသည်။
Evergreen မှ ဝန်ထမ်းအများစုသည် လစာ ၁၀ လမှ ၄၅ လအထိ နှစ်ကုန်ဆုကြေးငွေ year-end gratuity ရရှိကြသည်။ အချို့ရသည့် ဆုကြေးမှာ ၄နှစ်လစာထက် ပိုများသည်။
ယခုသုံးလပတ်တွင် ကွန်တိန်နာသင်္ဘောခနှုန်းထားများ ကျဆင်းနေသော်လည်း တစ်နှစ်တာအနေဖြင့် အမြတ်အစွန်း မြင့်မားသဖြင့် ဆုကြေးလည်း မြင့်မြင့်မားမား ပေးအပ်သည်။
နိုင်ငံ၏အကြီးဆုံး ကွန်တိန်နာ သင်္ဘောကုမ္ပဏီ Evergreen Marine သည် ၎င်း၏ ၀န်ထမ်းအချို့အား နှစ်ကုန်ဆုကြေးအဖြစ် လစာ ၅၂ လအထိ ဒီဇင်ဘာလ ၃၀ ရက်က ပေးဝေခဲ့သည်။
စွမ်းဆောင်ရည် မြင့်မားခဲ့သည့် ဝန်ထမ်းအချို့ကို လစာ ၅၂ လအထိ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယမန်နှစ်က နှစ်ကုန်ဆုကြေး လစာ ၄၀ လအထိ ပေးအပ်ခဲ့သည်။
Evergreen သည် ယခုနှစ် ပထမသုံးလပတ်အတွင်း အမြတ်ငွေ ထိုင်ဝမ်ဒေါ်လာ ၃၀၄.၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၉၁ ဘီလီယံ) ရရှိခဲ့ပါသည်။
Yang Ming Marine သည် ဝန်ထမ်းများအား ၎င်းလစာ ၁၃ လအထိ ဆုကြေးချီးမြှင့်ရန် စီစဉ်ထားကြောင်း Liberty Times တွင် သတင်းဖော်ပြသည်။
Yang Ming Marine သည် အသားတင်အမြတ် ယခုနှစ် ပထမသုံးလပတ်တွင် ထိုင်ဝမ်ဒေါ်လာ ၁၆၅.၈၅ ဘီလီယံ ရရှိခဲ့သည်။
Source taipeitimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U