Containers

ချီလီချယ်ရီကွန်တိန်နာများ အထူးအစီအစဉ်ဖြင့် ဟောင်ကောင်တွင် ကုန်ချစံချိန်တင်

ချီလီချယ်ရီကွန်တိန်နာများ အထူးအစီအစဉ်ဖြင့် ဟောင်ကောင်တွင် ကုန်ချစံချိန်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဟောင်ကောင်ရှိ ကွန်နိန်နာဆိပ်ခံက Hapag-Lloyd ရဲ့ ချယ်ရီအမြန်ပို့ Cherry Express အထူးအစီအစဉ်မှ အအေးပေးကွန်တိန်နာများကို ကုန်ချစံချိန်တင်ခဲ့ပါတယ်။

Hapag-Lloyd ရဲ့ ကွန်တိန်နာတင်သင်္ဘော Manzanillo Express က ချီလီနိုင်ငံ ဗဲပါရာအီဆို Valparaiso ဆိပ်ကမ်းမှ ဟောင်ကောင်ဆိပ်ကမ်းသို့ ဆိုက်ရောက်ပါတယ်။ သင်္ဘောပေါ်မှာ ဟောင်ကောင်ဆိပ်ကမ်းမှာ အမြန်ကုန်ချပေးရမယ့် အအေးပေး ကွန်တိန်နာများ စံချိန်တင် အရေအတွက် ခုရေ ၁,၂၂၂ ပါလာပါတယ်။

ကွန်တိန်နာများထဲမှာ ချီလီမှ ချယ်ရီသီးတွေ ပါလာပြီး သင်္ဘောတစ်စီးတည်းမှ ချယ်ရီသီးပါ ကွန်တိန်နာ လုံးရေ အများဆုံး ဟောင်ကောင်ဆိပ်ကမ်းမှာ ကုန်ချခဲ့တာ ဖြစ်ပါတယ်။ 

.

ကွန်တိန်နာသင်္ဘော Manzanillo Express က  Hapag Lloyd မှ အထူးအစီအစဉ်ဖြင့် ပြေးဆွဲတဲ့ ချယ်ရီအမြန်ပို့ Cherry Express ဝန်ဆောင်မှုရဲ့ ခရီးစဉ်တစ်ခုကို ပါဝင်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ Cherry Express ဝန်ဆောင်မှုက ချီလီနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ချယ်ရီသီးများကို အမြန်ပို့ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပြီး ၂၀၂၂  နိုဝင်ဘာလမှ ၂၀၂၃ ဖေဖော်ဝါရီလအထိ ပြေးဆွဲပါတယ်။

"ဟောင်ကောင်ရှိ ကွန်တိန်နာဆိပ်ခံများအပေါ် ကျွန်တော်တို့ ယုံကြည်စိတ်ချစွာဖြင့် အားကိုးလို့ရတယ်၊ ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိလို့ ဟောင်ကောင်မှာ ကုန်ချဖို့ ရွေးချယ်ခဲ့တာပါ" လို့ Hapag-Lloyd ဟောင်ကောင်ရုံးမှ အထွေထွေမန်နေဂျာ Axel von Bloh က ပြောကြားပါတယ်။ 

"ကျွန်တော်တို့ရဲ့ ကွန်တိန်နာအမြန်ပို့ အစီအစဉ် ဟောင်ကောင်မှာ စီစဉ်ထားတာကို ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက တလေးတစား တန်ဖိုးထားကြပါတယ်။ ဟောင်ကောင်မှာ ကုန်ချပြီး နာရီပိုင်းအတွင်းမှာ တရုတ်ပြည်တောင်ပိုင်းမှ ဈေးများသို့ ချယ်ရီကွန်တိန်နာတွေ ရောက်ရှိအောင် Cherry Express ဝန်ဆောင်မှုက ဆောင်ရွက်ပေးနိုင်ပါတယ်" လို့ သူက ပြောကြားပါတယ်။

.

 Manzanillo Express မှ ကွန်တိန်နာကို Modern Terminals ဆိပ်ခံမှာ ကုန်ချပြီးချိန်မှ မိနစ် ၂၀ အကြာမှာ ဆိပ်ကမ်းဝင်း ဂိတ်ပေါက်မှ အပြင်သို့ ရောက်ရှိအောင် စီမံဆောင်ရွက်ထားပါတယ်။ 

" ဟောင်ကောင်က Free Port ဖြစ်တာကြောင့် ကွန်တိန်နာတွေကို ဆိပ်ကမ်းဝင်း အပြင်သို့ ထုတ်ဖို့ မြန်ဆန်ပါတယ်။ ပုပ်သိုးလွယ်ပြီး တန်ဖိုးမြင့်တဲ့ ကုန်စည် အမျိုးအမည် အများအပြားအတွက် အထူးသင့်လျော်ပါတယ်" ဟု Modern Terminals Ltd မှ လုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာ Horace Lo က ပြောကြားပါတယ်။ 

 

ချီလီမှ အရည်အသွေး မြင့်မားသည့် ချယ်ရီများကို တရုတ်ပြည်မမှာ တရုတ်နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးကြပြီး လူကြိုက်များပါတယ်။ 

 

ဟောင်ကောင်ဆိပ်ကမ်းမှာ အအေးပေးကွန်တိန်နာများ ဓာတ်အားရယူဖို့ ပလပ်ပေါက် ၈,၀၀၀ ရှိပါတယ်။ တရုတ်ပြည်တောင်ပိုင်းရှိ ဆိပ်ကမ်းများတွင် ပလပ်ပေါက်အရေအတွက် အများဆုံး စီစဉ်ပေးထားတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။

Source seatrade maritime 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)