တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ ရောင်းဈေးနှုန်း ထိုးကျ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၃ ခုနှစ် ပထမဆုံး ၁၇ ရက်တာတွင် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ ရောင်းဈေးနှုန်း ဆက်လက်ထိုးကျနေပါသည်။
၂၀၀၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော 2,553 teu အရွယ်အစား ညီအစ်မ ကွန်တိန်နာသင်္ဘော နှစ်စီး G. Ace နှင့် ST Ever တို့ အရောင်းအဝယ် ဖြစ်သည့် ဈေးများကိုကြည့်လျှင် ၂၀၂၁ ခုနှစ်တွင် ST Ever ကို ကန်ဒေါ်လာ ၄၆.၅ သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ၂၀၂၂ နှစ်တွင်
G. Ace ကို ကန်ဒေါ်လာ ၁၃.၇ သန်းဖြင့် ဈေးတည့်ခဲ့ကြပါသည်ဟု သင်္ဘောပွဲစားလုပ်ငန်း Brokers Southport Atlantic က အချက်အလက် ထုတ်ပြန်ပါသည်။
လတ်တလောနှစ်များအတွင်း တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ အဝယ်ကြမ်းနေသည့် Mediterranean Shipping Co (MSC) သင်္ဘောလိုင်းသည် သက်တမ်း ၂၁ နှစ်ရှိ 2,478 teu အရွယ်အစား ကွန်တိန်နာသင်္ဘော Buxcontact ကို ကန်ဒေါ်လာ ၉.၇၅ သန်းဖြင့် ဝယ်ယူခဲ့ပါသည်။ လွန်ခဲ့သည့် ၁၂ လတုန်းက ၎င်း၏ ညီအစ်မ ကွန်တိန်နာသင်္ဘောကို ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူခဲ့ပါသည်။
၂၀၂၂ တွင် ရောင်းလိုသည့် တစ်ပတ်ရစ်ကွန်တိန်နာသင်္ဘော များနေသော်လည်း အရောင်းအဝယ်ဖြစ်သည့် ပမာဏ လျော့ကျခဲ့ပါသည်။
Clarksons Research မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၁ တွင် teu ၁.၆ သန်း အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၂၂ တွင် teu ၀.၆ သန်းမျှသာ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။
တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် သိသိသာသာ ဆက်လက်ကျဆင်းခဲ့ပါသည်။ တစ်နှစ်တာတွင် Clarksons ၏ တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော အညွှန်းကိန်းသည် ၄၆% ကျဆင်းခဲ့ပါသည်။
ပို့ဆောင်လိုသည့် ပမာဏထက် ပို့ဆောင်ပေးနိုင်သော ပမာဏက အလျှံပယ် ပိုများနေစဉ် ကွန်တိန်နာသင်္ဘော အသစ်များ မှာကြားထားသည့် ပမာဏမှာလည်း များပြားနေသည်။ သို့ဖြစ်ရာ တစ်ပတ်ရစ်ကွန်တိန်နာသင်္ဘော ရောင်းဈေးသည် အကျဘက်တွင် ဆက်ရှိနေဦးမည် ဖြစ်သည်။
Source Splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U