Containers

CMA CGM အကြီးမားဆုံး ကွန်တိန်နာသင်္ဘောနှစ်စီး ဂျပန်ခရီးစဉ် ပုံမှန်စတင်ပြေးဆွဲ

CMA CGM အကြီးမားဆုံး ကွန်တိန်နာသင်္ဘောနှစ်စီး ဂျပန်ခရီးစဉ် ပုံမှန်စတင်ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

CMA CGM သည် ဂျပန်နိုင်ငံသို့ ပုံမှန်ဝန်ဆောင်မှုပေးရန်အတွက် အကြီးဆုံး ကွန်တိန်နာသင်္ဘော 15,000-TEU ရေယာဉ်နှစ်စင်းကို ဖြန့်ကျက်ချထားပါသည်။

 

ပင်လယ်ရေကြောင်း၊ ကုန်းလမ်းနှင့် လေကြောင်း ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ်ဝန်ဆောင်မှုများကို ကမ္ဘာတစ်လွှား ဖြန့်ကျက်လုပ်ကိုင်နေသည်ံ CMA CGM Group သည် 15,000-TEU  အရွယ်အစားရှိ အကြီးမားဆုံး ကွန်တိန်နာသင်္ဘော  CMA CGM ARGENTINA ကို လက်ခံရယူခဲ့ပြီး ဂျပန်ပုံမှန်ခရီးစဉ် စတင်ပြေးဆွဲပါသည်။ ၂၀၂၃ ဇန်နဝါရီလ ၁၄ ရက်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းရှိ Honmoku D4  ကွန်တိန်နာဆိပ်ခံတွင် CMA CGM ARGENTINA  ဆိုက်ကပ်ပါသည်။ 

 

CMA CGM ARGENTINA ကွန်တိန်နာတင်သင်္ဘောသည် CMA CGM Group မှ အပတ်စဉ် Asia Central South America 1 (ACSA1) ခရီးစဉ် ဝန်ဆောင်မှုတွင် ပြေးဆွဲနေသော  15,000-TEU အရွယ်အစား ကွန်တိန်နာတင်သင်္ဘော နှစ်စီးအနက် တစ်စီး ဖြစ်ပါသည်။ 

 

 CMA CGM Group မှ 15,000-TEU အရွယ်အစား ကွန်တိန်နာတင်သင်္ဘော နှစ်စီးသည်  လက်တင်အမေရိကနှင့် အာရှအကြား ပတ်လည်ပြေးဆွဲပါသည်။ 

 

Advertisement

Click Here > Astir Power Co., Ltd.

 

CMA CGM ARGENTINA သည် ဂျပန်ပုံမှန်ခရီးစဉ်များတွင် အကြီးမားဆုံး ကွန်တိန်နာသင်္ဘောဖြစ်ပြီး လက်တင်အမေရိကရှိ အီကွေဒေါနှင့် ဂွာတီမာလာနိုင်ငံတို့မှ တင်သွင်းသည့် သစ်သီးဝလံများ၊ ကိုလံဘီယာနှင့် မက္ကဆီကိုတို့မှ ကော်ဖီနှင့် မုယော အညှောက်ခြောက်များ ဂျပန်သို့ ယူဆောင်လာပါသည်။

 

 CMA CGM မှ လုပ်ကုိင်လည်ပတ်သည့် Honmoku D4 ကွန်တိန်နာဆိပ်ခံသည် တစ်နှစ်လျှင် စုစုပေါင်း 550,000 TEU ကျော်အထိ ကိုင်တွယ်ပေးနိုင်ပါသည်။

 

CMA CGM ARGENTINA သည် ယိုကိုဟားမားမှ တောင်ကိုရီးယားရှိ ဘူဆန်းဆိပ်ကမ်းသို့ ခရီးဆက်မည် ဖြစ်ပါသည်။ ACSA1 ဝန်ဆောင်မှု၏ ပတ်လည်ခရီးစဉ် ဆိပ်ကမ်းအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Shekou – Hong Kong – Kaohsiung – Ningbo – Shanghai – Busan – Manzanillo – Lazaro Gardens – Buenaventura – Callao – Posorja – Lazaro – Manzanillo – Yokohama – Busan – Shekou.

 

CMA CGM Group သည် ဂျပန်နိုင်ငံရှိ ရုံးခွဲ ၃ ခုနှင့် ဆိပ်ခံတစ်ခုတို့ကို  ဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လုပ်ကိုင်နေပါသည်။

Source: CMA CGM

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)