အာရှတွင်း ခရီးစဉ်များသို့ ကွန်တိန်နာသင်္ဘောများ အလုံးအရင်းဖြင့် ပြန်လည်ရောက်ရှိလာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သင်္ဘောများသည် ခရီးဝေးကွာသည့် အရှေ့တိုင်းနှင့် အနောက်တိုင်းအကြား ပြေးဆွဲသည့် အရှေ့အနောက်လမ်းကြောင်းများမှ အာရှတွင်း ကုန်သွယ်မှုများဆီသို့ အလုံးအရင်းဖြင့် ပြန်ရောက်လာကြသည်။
အတိုင်ပင်ခံလုပ်ငန်း Linerlytica နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ အာရှတွင်း ခရီးစဉ်များတွင် ကွန်တိန်နာသင်္ဘောများ ၂ နှစ်တိုင်တိုင် အရေအတွက် လျော့ကျနေခဲ့ရာမှ ယခုအခါ ပြန်များလာနေသည်။
အာရှတွင်း ခရီးစဉ်များတွင် ကွန်တိန်နာ ပို့ဆောင်ပေးနိုင်စွမ်းသည် ၂၀၂၀ နှစ်ဦးပိုင်းတွင် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ပြီး teu ၃ သန်းအထိ ရှိခဲ့သည်။ ၂၀၂၂ နှစ်လယ်ပိုင်းတွင် teu ၂.၆ သန်းသာ ရှိသည်။ ပစိဖိတ်ဖြတ်သန်း ကုန်သွယ်ရေလမ်းကြောင်းများ၊ အာရှ-ဉရောပ ကုန်သွယ်ရေလမ်းကြောင်းများတွင် ပို့ဆောင်ခ မြင့်တက်နေပြီး အမြတ်ကြီးမားသဖြင့် အာရှတွင်း ခရီးစဉ်များမှ ကွန်တိန်နာသင်္ဘောများကို ဆွဲထုတ်ပြီး အဆိုပါ ကုန်သွယ်ရေလမ်းကြောင်းများတွင် ပြေးဆွဲခဲ့ကြသည်။ အရွယ်အစား ငယ်သည့် ကွန်တိန်နာသင်္ဘောများကိုပင်လျှင် ဆွဲထုတ်ပြီး အဆိုပါ ကုန်သွယ်ရေလမ်းကြောင်းများတွင် ပြေးဆွဲခဲ့ကြသည်။
Advertisement
Click Here > Asia Pacific Inspection Agency
Linerlytica ၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ယခုအခါ ပြောင်းပြန် ဖြစ်နေပြီး အဆိုပါ ကုန်သွယ်ရေလမ်းကြောင်းများထဲ ထိုးထည့်ခဲ့သည့် ကွန်တိန်နာသင်္ဘောများကို ပြန်ခေါ်ယူပြီး အာရှတွင်း ခရီးစဉ်တွင် ပြေးဆွဲကြသည်။ ယခုအခါ အာရှတွင်း ရေကြောင်းခရီးစဉ်များတွင် teu ၂.၈ သန်းအထိ ပြန်များလာပြီ ဖြစ်သည်။ သင်္ဘောကျင်းများတွင် အသစ်တည်ဆောက်ရန် အမှာစာ ပေးထားသည့် ကွန်တိန်နာသင်္ဘော အသစ်များလည်း ထပ်ရောက်လာဦးမည် ဖြစ်သည်။
အာရှတွင်း ခရီးစဉ်များတွင် ပို့ဆောင်ခ နှုန်းထားများ ဈေးကျနေသည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှတို့အကြား ခရီးစဉ်များတွင် ပို့ဆောင်ခ နှုန်းထားများသည် စရိတ်စက အရင်းကြေသည့် ရေချိန် အောက်မှာသာ ရှိနေသည်ဟု Linerlytica ၏ နောက်ဆုံးထုတ် အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: Splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U