Containers

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့် ကုန်သည်စက်မှုအသင်းချုပ် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့် ကုန်သည်စက်မှုအသင်းချုပ် တွေ့ဆုံဆွေးနွေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့ဝင်များက  ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းထံ ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၅ )ရက်နေ့တွင် အသင်းချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။

 

အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက တွေ့ဆုံစဉ် အသင်းချုပ်သည် ညီနောင်အသင်းများနှင့် စုစည်းမှုအားနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အသင်းချုပ်နှင့်ညီနောင်အသင်းများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ကူညီ စောင့်ရှောက်လျက်ရှိကြပါကြောင်း၊ ညီနောင်အသင်းများနှင့် ပတ်သက်လျှင် ထိထိရောက်ရောက် ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ညီနောင်အသင်းများ အားကောင်း မောင်းသန် ဖြစ်စေရေးအတွက်  အသင်းချုပ်က ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို  ဆောင်ရွက် ပေးသွားမည်ဖြစ်သကဲ့သို့  မျှတညီညွတ်အောင် ဆောင်ရွက်ညှိနှိုင်းပေးသွားမည့်အပိုင်းလည်း ရှိပါ ကြောင်း  ပြောကြားခဲ့သည်။

 

326987018_579187720931356_6569424959462502934_n.jpg

 

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဥ်များအသင်း ဥက္ကဋ္ဌ  ဦးစိုးနိုင်က ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းအား  လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့ စီးပွားရေးလုပ်ငန်းများတွင် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှဖြစ်ပါသဖြင့် တည်ငြိမ်စေရေး၊  မိမိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လက်ထက်တွင် ဆီဈေးနှုန်းတည်ငြိမ်စေရေး ကို လည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

 

ကုန်သည်စက်မှုအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း အနေဖြင့် ပုဂ္ဂလိက ကဏ္ဍတွင် အဓိကအကျိုးပြုသည့်အသင်းလည်းဖြစ်ကြောင်း၊ ကုန်သေတ္တာတင်လုပ်ငန်း တစ်ခုတည်းသာမက  Supply Chain တစ်ခုလုံး ထုတ်လုပ်မှုမှ စားသုံးသူရောက်ဖို့အထိဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးတွင်လည်း ပါဝင်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ စစ်တမ်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော  ဦးမျိုးသန့်နှင့် ဦးရဲမြင့်မောင်၊  တွဲဖက် စာရင်းစစ် ဦးအောင်ကြည်စိုး၊ အမှုဆောင် အရာရှိချုပ် ဒေါက်တာဇော်ဋ္ဌေး ၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အမှုဆောင်များ  တက်ရောက်ခဲ့ကြသည်။

Source UMFCCI


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)