တစ်ချိန်တစ်ခါတုန်းက ကမ္ဘာ့အကြီးဆုံး Maersk ကွန်တိန်နာသင်္ဘောကို MSC ဝယ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများကို MSC က ဆက်လက်ဝယ်ယူနေချိန်မှာ သင်္ဘောကျင်းများမှာလည်း ကွန်တိန်နာသင်္ဘောအသစ်များ တည်ဆောက်ဖို့ အမှာစာများ ပေးအပ်နေပါတယ်။
Maersk နှင့် မိတ်ဖက်ပြုထားတဲ့ 2M မဟာမိတ် သဘောတူညီချက်ကို ၂၀၂၅ မှာ သက်တမ်းထပ်မတိုးတော့တဲ့အတွက် ကွန်တိန်နာသင်္ဘော စီးရေ ယခုထက် တောင့်တင်းအောင် ဆောင်ရွက်နေတာလို့ အချို့က ထင်ကြေးပေးနေကြပါတယ်။
2M မဟာမိတ်အဖွဲ့ Maersk နှင့် MSC ရပ်စဲမည်
https://www.logisticsguide.com.mm/en/knowledge/how-to/226939
MSC သည် “အထင်ကရ” ကွန်တိန်နာသင်္ဘောတစ်စီးကို ဝယ်ယူခဲ့ပါတယ်။ သက်တမ်း ၂၅ နှစ်ရှိ 9,600 teu အထိ တင်ဆောင်နိုင်တဲ့ ကွန်တိန်နာသင်္ဘော Sovereign Maersk အား ဝယ်ယူမှု မကြာသေးခင်က ပြီးမြောက်သွားပြီဖြစ်ကြောင်း Alphaliner မှ အစီရင်ခံတင်ပြပါတယ်။
Maersk က ပိုင်ဆိုင်တဲ့ ကွန်တိန်နာသင်္ဘော Sovereign Maersk ကို ၂၀၁၆ ခုနှစ်မှာ ဂျပန်သင်္ဘောလိုင်း MC Shipping ထံ ရောင်းချခဲ့ပြီး ၎င်းကွန်တိန်နာသင်္ဘောကို Maersk က ချာတာငှားပြီး ပြေးဆွဲခဲ့ပါတယ်။
၎င်းသင်္ဘောရဲ့ မူလတင်ဆောင်နိုင်စွမ်းက 8,200 teu ဖြစ်ပါတယ်။ ပဲ့စင်ကို ပိုမြင့်အောင် မြှင့်တင်ပေးလိုက်ပြီး 9,600 teu အထိ တင်ဆောင်နိုင်တဲ့ ကွန်တိန်နာသင်္ဘောဖြစ်အောင် ပြင်ဆင်မွမ်းမံထားတာ ဖြစ်ပါတယ်။
Sovereign Maersk ကို Maersk လက်အောက်ခံ ဒိန်းမတ်မှ Odense သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့ပြီး ၁၉၉၇ မှာ စတင်ပြေးဆွဲခဲ့ပါတယ်။
၂၅ စီး တည်ဆောက်ခဲ့တဲ့အနက် တစ်စီးဖြစ်ပြီး ထိုစဉ်အခါက အရွယ်အစား အကြီးမားဆုံး ကွန်တိန်နာသင်္ဘောများ ဖြစ်ပါတယ်။ 8,000 teu အထက်သို့ ပထမဆုံး ရောက်ရှိခဲ့ကြတဲ့ ကွန်တိန်နာသင်္ဘောအုပ်စု ဖြစ်ပါတယ်။
MSC က Sovereign Maersk ကို MSC Domna X လို့ အမည်အသစ် မှည့်ခေါ်ပါတယ်။
MSC မှာ ရှိနေတဲ့ ညီအစ်မ ကွန်တိန်နာသင်္ဘော ၄ စီး ဖြစ်ကြတဲ့
MSC Fie X (ယခင်အမည် Susan Maersk);
MSC Vilda X (ယခင်အမည် Sofie Maersk);
MSC Aby (ယခင်အမည် Svend Maersk);
MSC Ellen (ယခင်အမည် Soroe Maersk)
တို့နှင့်အတူ ပစိဖိတ်သမုဒ္ဒရာဖြတ်သန်းခရီးစဉ်နှင့် အာရှ-တောင်အမေရိက ခရီးစဉ်များကို ပြေးဆွဲမှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဩဂုတ်လတွင် သမိုင်းမှာ စံတင်ရသည့် တစ်ပတ်ရစ်ကွန်တိန်နာသင်္ဘောများ ဝယ်ယူမှု စတင်ခဲ့သော MSC မှ ဝယ်ယူသည့် တစ်ပတ်ရစ်ကွန်တိန်နာသင်္ဘော အရေအတွက်မှာ ယခုအခါ ၂၇၁ စင်း ရှိပြီဖြစ်ကြောင်း Alphaliner က ပြောကြားပါတယ်။ ၎င်း ၂၇၁ စင်းရဲ့စုစုပေါင်း သယ်ဆောင်နိုင်စွမ်းမှာ teu ၁.၁ သန်း ဖြစ်ပါတယ်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U