Containers

ကွန်တိန်နာပို့ဆောင်မှုအတွက် 'ပွဲပြီးသွားပြီ' ဟု Hapag-Lloyd စီအီးအို ပြောကြား

ကွန်တိန်နာပို့ဆောင်မှုအတွက် 'ပွဲပြီးသွားပြီ' ဟု Hapag-Lloyd စီအီးအို ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

လက်ရှိ ပို့ဆောင်ရန် လိုအပ်မှုနှင့် ပို့ဆောင်ပေးနိုင်စွမ်း အားနှစ်ခုတို့ ပြန်လည်ချိန်ညှိမှုတွင် ကွန်တိန်နာ ကုန်စည်ပို့ဆောင်ခနှုန်းထားများမှာ ဆက်လက်ကျဆင်းနေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ ပဉ္စမအကြီးဆုံး ကွန်တိန်နာလိုင်း Hapag Lloyd ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

 

ဂျာမနီနိုင်ငံ အခြေစိုက် Hapag Lloyd ကွန်တိန်နာသင်္ဘောလိုင်း၏ စီအီးအို Rolf Habben Jansen က "ပွဲက ပြီးသွားပါပြီ။ ကွန်တိန်နာသင်္ဘောလုပ်ငန်းကဏ္ဍက ပုံမှန် ပြန်ဖြစ်သွားပါပြီ" ဟု ပြောကြားသည်။

Hapag Lloyd သည် သုံးနှစ်တိုင်တိုင် အမြတ်အစွန်း မြင့်မားခဲ့သည်။

" အခု ကျွန်တော်တို့ရဲ့ သင်္ဘောတွေပေါ်မှာ ကွန်တိန်နာ အပြည့်ပါဖို့ ရတတ်သမျှ ကွန်တိန်နာတိုင်းကို လုနေကြရပြီ" ဟု ၎င်းက ပြောကြားသည်။

 

သို့သော်လည်း သယ်ယူခနှုန်းထားများသည် ကုန်ကျစရိတ်များ မကာမိတော့သည်အထိ အောက်သို့ ကျဆင်းမည်မဟုတ်ဟု မျှော်လင့်ကြောင်း သူက ပြောကြားသည်။

ဈေးမြင့်သော ချာတာအငှားစာချုပ်များ သက်တမ်း ကျန်ရှိနေသေးသဖြင့် ခံသာနေဦးမည် ဖြစ်သည်။ 

လောင်စာဆီ ဈေးနှုန်းများ မြင့်မားနေခြင်း၊ ကာဘွန်ထုတ်လွှတ်မှု နည်းပါးသည့် လောင်စာဆီကို ရေယာဉ်စု ပြောင်းလဲသုံးစွဲရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။

 

ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေး ပြန်ဦးမော်လာမည်ဟု သူက မျှော်လင့်ထားသည်။ “မတ်လ ဒါမှမဟုတ် ဇွန်လမှာ ဖြစ်မလားတော့ မသိဘူး” ဟု သူက ပြောသည်။

 

သင်္ဘောပိုင်ရှင်များသည် ပို့ဆောင်လိုအား များသောကြောင့် သင်္ဘောဟောင်းများပါမကျန် ပြေးဆွဲခဲ့ကြသည့် နောက်ပိုင်း ယခုအခါ သင်္ဘော လွန်းတင်ခြင်း၊ သင်္ဘောဖျက်သည့် သင်္ဘောကျင်းများထံ ရောင်းချခြင်းများ ပိုများလာသည်ဟု သူက ပြောသည်။

 

Hapag Lloyd သည် မကြာသေးမီနှစ်များအတွင်းက မှာယူထားသည့် 23,600 TEU ကွန်တိန်နာ သင်္ဘောကြီးများ အပါအဝင် သင်္ဘောအသစ်များ ဆက်တိုက်ရရှိရန် မျှော်လင့်ထားသည်။

 

၂၀၂၂ ခုနှစ်အတွက် ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လာမည့် မတ်လ ၂ ရက်တွင် ထုတ်ပြန်မည် ဖြစ်သည်။

Source gcaptain 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)