Containers

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော "Ever Acme" ပထမဆုံး ခရီးစဉ် စူးအက်တူးမြောင်းဖြတ်သန်း

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော "Ever Acme"  ပထမဆုံး ခရီးစဉ် စူးအက်တူးမြောင်းဖြတ်သန်း

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

စူးအက်တူးမြောင်းအာဏာပိုင် (SCA) ဥက္ကဌ Osama Rabie က ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော EVER ACME ဟုအမည်ပေးထားသည့် ဧရာမကွန်တိန်နာသင်္ဘောသည်  စူးအက်တူးမြောင်းကို ၎င်း၏ ပထမဆုံးပင်လယ်ခရီးစဉ်မှာ ဖြတ်သန်းခဲ့ကြောင်း ကြေညာခဲ့ပါသည်။ EVER ACME သည် မလေးရှားမှ နယ်သာလန်သို့ ဦးတည် ခုတ်မောင်းနေပါသည်။

 

စူးအက်တူးမြောင်းအာဏာပိုင်၏ အစဉ်အလာအရ စူအက်တူးမြောင်း ပထမဆုံးအကြိမ် ဖြတ်သန်းသည့် သင်္ဘောအား ကြိုဆိုသည့်အစီအစဉ်အရ Rabie က Captains Mohamed Al-Hout နှင့် Galal Shabaka တို့ကို EVER ACME ပေါ်သို့ သွားရောက်စေခဲ့ပြီး သင်္ဘောဝန်ထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း၊ သင်္ဘော ကပ္ပတိန်ကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

EVER ACME သည် စင်ကာပူအလံ မှတ်ပုံတင် လွှင့်ထူပြီး ထိုင်ဝမ်မှ Ever Green ကွန်တိန်နာသင်္ဘောလိုင်း၏ မျိုးဆက်သစ် ကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။

ဧရာမကွန်တိန်နာသင်္ဘောကြီး၏ အရှည်မှာ မီတာ ၄၀၀ ဖြစ်ပြီး အကျယ်မှာ ၆၁.၅ မီတာ ဖြစ်သည်။ ကွန်တိန်နာ အလုံးရေ ၂၄,၀၀၀ တင်ဆောင်နိုင်ပါသည်။ ကုန်တန်ချိန် ၂၂၄,၀၀၀ တင်ဆောင်နိုင်ပါသည်။

 

Rabie က ကွန်တိန်နာသင်္ဘောကြီး EVER ACME သည် စူးအက်တူးမြောင်းကို ချောမွေ့စွာ ဖြတ်သန်းခဲ့ကြောင်း ထုတ်ပြန် ကြေညာပါသည်။

 

EVER ACME ၏ သင်္ဘောကပ္ပတိန် CHENG SHAN REN က စူးအက်တူးမြောင်းကို ယခု ပထမဆုံးအကြိမ် ဖြတ်သန်းဖူးခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

 

 

Source Xinde Marine News

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)