Yang Ming အတွက် ကွန်တိန်နာသင်္ဘောအသစ်များ Hyundai Heavy တည်ဆောက်မည်
TO GET INSTANT UPDATE
Join Telegram Channel
ထိုင်ဝမ်အခြေစိုက် ကွန်တိန်နာသင်္ဘောလိုင်း Yang Ming Marine Transport Corporation (Yang Ming) အတွက် 15,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘောအသစ်များ တည်ဆောက်ပေးရန် အမှာစာများကို တောင်ကိုရီးယားမှ သင်္ဘောကျင်းလုပ်ငန်း Hyundai Heavy Industries က လက်ခံရရှိခဲ့ပါတယ်။
LNG ဖြင့်လည်း ခုတ်မောင်းနိုင်မည့် လောင်စာ ၂ မျိုးသုံး 15,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘော ၅ စီး တည်ဆောက်ပေးဖို့ မှာကြားခြင်း ဖြစ်ပါတယ်။
15,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘောတစ်စီးလျှင် ကန်ဒေါ်လာ ၁၈၅ သန်း ပေးချေရပြီး ၎င်းကွန်တိန်နာသင်္ဘောများကို ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ တို့တွင် ပေးအပ်မှာ ဖြစ်ပါတယ်။
Alphaliner ဒေတာအရ Yang Ming က ကွန်တိန်နာသင်္ဘောများ စုစုပေါင်း teu 700,000 ကျော်ဖြင့် ပြေးဆွဲနေသော ကမ္ဘာ့ နဝမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါတယ်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U