Containers

အဓိကဆိပ်ကမ်းများတွင် ကွန်တိန်နာအလွတ်များ တောင်ပုံရာပုံ ဖြစ်နေ

အဓိကဆိပ်ကမ်းများတွင် ကွန်တိန်နာအလွတ်များ တောင်ပုံရာပုံ ဖြစ်နေ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

တစ်ကမ္ဘာလုံးတွင် ကုန်စည် မရရှိသော ကွန်တိန်နာအလွတ် ၆ သန်းခန့်ရှိနေသည်ဟု ခန့်မှန်းသည်။

 

ရှန်ဟိုင်းမှ အမေရိကန် အနောက်ဘက်ကမ်းသို့ ပေ ၄၀ ရှည်သော ကွန်တိန်နာတစ်လုံးအတွက် ပို့ဆောင်မှုနှုန်းမှာ ကန်ဒေါ်လာ ၁,၂၉၃ သို့ ကျဆင်းသွားသည်။ ၂၀၂၂ ခုနှစ် အမြင့်ဆုံးဈေးနှုန်းထက် ၈၄ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

 

 စီးပွားရေး နှေးကွေးနေသောနိုင်ငံများသည် ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်မှု လျော့ကျသဖြင့်  ကမ္ဘာတစ်ဝှမ်းရှိ အဓိကဆိပ်ကမ်းများတွင် ကွန်တိန်နာအလွတ်များ စုပုံနေပါသည်။

 

ဖေဖော်ဝါရီ ၅ ရက်သတ္တပတ်တွင် Container xChange ၏ အချက်အလက်များအရ ကွန်တိန်နာအလွတ် ရနိုင်မှု အညွှန်းကိန်း CAx (Container Availability Index) သည် 0.64 သို့ မြင့်တက်ခဲ့သည်။

 

ဆိပ်ကမ်းတစ်ခုတွင် ကွန်တိန်နာ အတင်အချ တူညီနေပါက CAx အညွှန်းကိန်းသည် 0.5 ဖြစ်ပါသည်။ 0.5 ထက် ပိုများနေပါက ဆိပ်ကမ်းသို့ သင်္ဘောပေါ်များပေါ်မှ ချသည့် ကွန်တိန်နာ အရေအတွက်သည် ဆိပ်ကမ်းမှ သင်္ဘောများပေါ်သို့ တင်ပေးသည့် အရေအတွက်ထက် ပိုများနေပြီ ဖြစ်သည်။ ကုန်စည်မရသဖြင့် အအားထားရသော ကွန်တိန်နာအလွတ်များ ရှိနေပြီ ဖြစ်သည်။

တစ်နည်းဆိုရသော် CAx သည် ရက်သတ္တပတ် တစ်ပတ်တာတွင် ကုန်ပါသည့် ကွန်တိန်နာ တင်သွင်းသည့် အရေအတွက်နှင့် တင်ပို့သည့် ကွန်တိန်နာ အရေအတွက် နှိုင်းယှဉ်ထားသော အချိုးအစား ဖြစ်သည်။ 

 

ရှန်ဟိုင်းဆိပ်ကမ်းတွင် ကွန်တိန်နာအလွတ်များဖြင့် ပြည့်နေပြီး အများအပြားကို အနီးနားရှိ Taicang ဆိပ်ကမ်းသို့ မဖြစ်မနေ ရွှေ့ပြောင်းပေးရတော့မည်ဖြစ်ကြောင်း ရှန်ဟိုင်းရှိ ဆိပ်ကမ်းအော်ပရေတာတစ်ဦးမှ တရုတ်သတင်းမီဒီယာ  Caixin သို့ ပြောကြားခဲ့သည်။

"အခုလိုမျိုး ကျွန်တော်တို့ မကြုံရတာ နှစ်အတော်ကြာပြီ" ဟု ၎င်းက ပြောကြားသည်။

 

ယမန်နှစ်အစောပိုင်းက COVID လော့ဒေါင်းများအတွင်း ကုန်ပါသည့် ကွန်တိန်နာများသည် ဆိပ်ကမ်းများတွင် စုပုံပြီး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်သည့် ရှန်ဟိုင်းတွင် လနှင့်ချီ၍ နှောင့်နှေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

 

လတ်တလော လများအတွင်း ရှန်ဟိုင်းနှင့်  ချင်ဒေါင် ဆိပ်ကမ်းများ အပါအဝင် ပို့ကုန်အချက်အချာ ဆိပ်ကမ်းများတွင် ပေ ၄၀  ကွန်တိန်နာများအတွက် CAx သည် 0.6 မှ 0.7 အတွင်း ရှိနေသည်။

ဘယ်လ်ဂျီယံရှိ Antwerp နှင့် မြောက်အမေရိကရှိ လော့စ်အိန်ဂျလိစ်ရှိ အဓိကသွင်းကုန်အချက်အချာနေရာများတွင် အညွှန်းကိန်းများသည် 0.8 အထက် ဖြစ်နေသည်ဟု Shanghai International Shipping Institute ၏ ပြန်ကြားရေးအရာရှိချုပ် Xu Kai က ပြောကြားသည်။

 

၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်မှ စတင်၍ တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများသို့ ကွန်တိန်နာအလွတ်များ ပြန်လည်စီးဝင်မှုသည် အပြည့်ထည့်ထားသော ကွန်တိန်နာများ၏ ပို့ကုန်ပမာဏထက် ယေဘုယျအားဖြင့် ပိုများပါသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ အဓိကဆိပ်ကမ်းများတွင် ကွန်တိန်နာအလွတ်များ တောင်ပုံရာပုံ ဖြစ်နေပါသည်။

 

ကုန်မရသဖြင့် အလွတ်ဖြစ်နေပြီး အအားထားရသည့် ကွန်တိန်နာများ၏ teu စုစုပေါင်းသည် ကုန်ပါသော အသုံးပြုနေသည့် ကွန်တိန်နာများ၏ teu စုစုပေါင်း၏ ၆% ခန့်အထိ ရှိမည်ဟု ခန့်မှန်းပါသည်။

 

 ကမ္ဘာ့ကွန်တိန်နာများ၏ ခြောက်ပုံတစ်ပုံခန့်ကို ကိုင်တွယ်ပေးနေသည့် A.P. Moller-Maersk A/S က ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေး လြပ်ငန်းကဏ္ဍတွင် ၂၀၂၃ ခုနှစ်မှာ ကွန်တိန်နာ လိုအပ်ချက်သည် ၂.၅% အထိ ကျဆင်းနိုင်ပြီး ၀.၅% အထိ ပြန်မြင့်တက်ကောင်း မြင့်တက်လိမ့်မည်ဟု ဆိုပါသည်။

ကုမ္ပဏီသည် ကွန်တိန်နာအလွတ်များ ထားသိုရန် ရေပေါ်ပလက်ဖောင်းအဖြစ် အလယ်အလတ် အရွယ်အစား ကွန်တိန်နာသင်္ဘောများကို အအားထားပြီး ကွန်တိန်နာအလွတ်များ တင်ထားကြောင်း ပြောကြားပါသည်။ 

ဆိပ်ကမ်းများတွင် ထားရှိသည်ထက် စရိတ်သက်သာပြီး ကွန်တိန်နာအလွတ်များ ဆိပ်ကမ်းသို့ ပို့ဆောင်ရန် လိုအပ်လာပါက သင်္ဘောပေါ်မှာ တင်ထားပြီးသား ဖြစ်သဖြင့် အလွယ်တကူ ပို့ပေးနိုင်စေသည်ဟု ဆိုပါသည်။

 

ကွန်တိန်နာအသစ်များ အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်လည်း ယခုအခါ ကွန်တိန်နာအလွတ်များ စုပုံနေစေပါသည်။

 

၂၀၂၁ ခုနှစ်တွင် ကွန်တိန်နာသင်္ဘောလိုင်းများသည်  ကွန်တိန်နာအသစ် အများအပြားကို စံချိန်တင်မှာယူခဲ့သည်။ သက်တမ်းအိုနေပြီဖြစ်သော ကွန်တိန်နာများ အနည်းအကျဉ်းကိုသာ စွန့်ပစ်ခဲ့ကြသည်။

 

ကမ္ဘာကွန်တိန်နာ ပမာဏ စုစုပေါင်းသည် ၂၀၂၁ ခုနှစ်တွင် teu သန်း ၅၀ နီးပါးအထိ တိုးခဲ့သည်ဟု ရေကြောင်း သုတေသန အတိုင်ပင်ခံလုပ်ငန်း Drewry မှ အချက်အလက် ထုတ်ပြန်သည်။

ယခုအခါ ကမ္ဘာ့ကုန်သွယ်ရေး ကွန်တိန်နာ လိုအပ်ချက်ထက် teu ၆သန်း ပိုလျှံနေသည်ဟု Drewry က ပြောကြားသည်။

 

ရေကြောင်းပို့ဆောင်ရေး အတိုင်ပင်ခံလုပ်ငန်း  Clarkson က ကွန်တိန်နာ ပို့ဆောင်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း teu ၂၀၁ သန်းရှိမည်ဟု ခန့်မှန်းခဲ့သည်။ 

 

‌ပင်လယ်ရေကြောင်း ကွန်တိန်နာပို့ဆောင်ရန် လြိအပ်ချက် လျော့နည်းနေသဖြင့် ပို့ဆောင်ခများ ဈေးကျသည်မှာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကတည်းက စတင်သည်။

ပေါ်ဈေးကို ထင်ဟပ်ပြသသည် Shanghai Export Container Freight Index သည် ၈၀% ကျဆင်းသည်။ 

၂၀၂၃ ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ပေါက်ဈေးသည် ရှန်ဟိုင်းမှ ဥရောပသို့ ပေ ၂၀  ကွန်တိန်နာသည် ၉၂၅ ကန်ဒေါ်လာသို့ ကျဆင်းသွားသည်။

 ရှန်ဟိုင်းမှ အမေရိကန် အနောက်ကမ်းရိုးတန်းသို့ ပေ ၄၀ ကွန်တိန်နာသည် ကန်ဒေါ်လာ ၁,၂၉၃ သို့ ကျဆင်းသည်။ ၂၀၂၂ အမြင့်ဈေးနှုန်းထက် ၈၈% ကျဆင်းသည်။

Source Caixin

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)