Wan Hai ကွန်တိန်နာ အသစ် အမည်ပေး အခမ်းအနားကျင်းပ
TO GET INSTANT UPDATE
Join Telegram Channel
Wan Hai Lines သည် ဖေဖော်ဝါရီ ၁၄ ရက်က Samsung Heavy Industries Geoje သင်္ဘောကျင်းတွင် ပရဟိတလှူဒါန်းမှုနှင့်အတူ Wan Hai A09 အတွက် သင်္ဘောအမည်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
Wan Hai A09 သည် Samsung Heavy Industries Geoje သင်္ဘောကျင်းမှ တည်ဆောက်ခဲ့သော 13,100 TEU ကွန်တိန်နာသင်္ဘောစီးရီးတွင် တတိယမြောက်သင်္ဘောဖြစ်သည်။
13,100 TEU ကွန်တိန်နာသင်္ဘောစီးရီးကို အရှည် ၃၃၅ မီတာ၊ အကျယ် ၅၁ မီတာ၊ ရေစူး ၁၆ မီတာ နှင့် အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ရေမိုင် ၂၂ မိုင် ဖြင့် ဒီဇိုင်းထုတ်ထားသည်။
Wan Hai A09 ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အနှောင်းပိုင်းတွင် လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး အာရှ- မြောက်အမေရိက ခရီးစဉ် ဝန်ဆောင်မှုတွက် ဖြန့်ကျက်အသုံးပြုမည်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် Wan Hai Lines သည် Japan Marine United Corporation TSU သင်္ဘောကျင်းတွင် လှူဒါန်းမှုနှင့်အတူ Wan Hai 356၊ Wan Hai 358 နှင့် Wan Hai 359 အတွက် သင်္ဘောအမည်ပေးခြင်း အခမ်းအနားများကိုလည်း ပြုလုပ်ခဲ့ပါသည်။
ဆက်စပ်ဖတ်ရှုရန်
Wan Hai Lines ကွန်တိန်နာသင်္ဘောအသစ် ၃ စီး အမည်ပေးပွဲ ဂျပန်သင်္ဘောကျင်းတွင် ကျင်းပ
https://www.logisticsguide.com.mm/en/industry-news/container/226752
Source container news
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U