Containers

ကုမ္ပဏီပိုင်သင်္ဘောများ ကွန်တိန်နာသယ်ပို့နိုင်စွမ်းအရ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်းများ

ကုမ္ပဏီပိုင်သင်္ဘောများ ကွန်တိန်နာသယ်ပို့နိုင်စွမ်းအရ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်းများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများဖြင့် သယ်ယူနိုင်သည့် TEU ပမာဏစုစုပေါင်းအရ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်းများ Top 10 စာရင်းကို  Container News မှ သတင်းဆောင်းပါး ဖော်ပြခဲ့ပါသည်။

၎င်းစာရင်းသည် Alphaliner မှ ၂၀၂၂ ဒီဇင်ဘာလကုန်၌ ထုတ်ပြန်ခဲ့သည့် စာရင်းကို အခြေပြုထားပါသည်။

သို့ဖြစ်ရာ ၂၀၂၃ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဖြစ်ပေါ်ခဲ့သည့် ကွန်တိန်နာသင်္ဘော အရောင်းအဝယ်များ မပါဝင်ပါ။

.

1. A.P. Moller - Maersk - 2,535,600 TEU

Maersk မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၄၀% သည် ချာတာအငှားဖြင့် သုံးစွဲခြင်းဖြစ်ပြီး ကျန်သည့် ၆၀% သည် ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

 A.P. Moller-Maersk သည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တွင် ရုံးစိုက်သော ကွန်တိန်နာ သင်္ဘောကုမ္ပဏီတစ်ခုဖြစ်ပြီး လော့ဂျစ္စတစ်ကဏ္ဍကိုလည်း အကြီးအကျယ် လုပ်ကိုင်ပါသည်။

ကမ္ဘာ့ကွန်တိန်နာ ရေကြောင်းပို့ဆောင်မှု TEU စုစုပေါင်း၏ ၂၀% ကို Maersk ကွန်တိန်နာသင်္ဘောလိုင်းက ပို့ဆောင်ပေးလျက်ရှိပါသည်။ နိုင်ငံပေါင်း ၁၃၀ ရှိ ဆိပ်ကမ်းများသို့ ပြေးဆွဲလျက် ရှိသည်။

A.P. Moller-Maersk ပိုင်ဆိုင်ထားသည့် လုပ်ငန်း စုစုပေါင်း ၉၀၀ ကျော် ရှိပြီး APM Terminals, Hamburg Süd, Damco, Svitzer, and Seago Line တို့ ပါဝင်ပါသည်။

 .

2. Mediterranean Shipping Company (MSC)  - 2,086,500 TEU

MSC  မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၄၅% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

အီတလီကုမ္ပဏီ ဖြစ်ပြီး ဆွစ်ဇာလန်တွင် ရုံးချုပ်ထားရှိပါသည်။ ချာတာအငှားနှင့် ကုမ္ပဏီ နှစ်ရပ်ပေါင်း TEU  စုစုပေါင်းပမာဏ ကမ္ဘာ့အများဆုံးကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။

ကွန်တိန်နာသင်္ဘော စီးရေ ၇၃၀ ဖြင့် ပြေးဆွဲလျက်ရှိပြီး တစ်နှစ်လျှင် TEU ၂၃ သန်း ပို့ဆောင်ပေးပါသည်။ ကုန်သွယ်ရေလမ်းကြောင်း ၂၆၀ ကျော်ဖြင့် နိုင်ငံပေါင်း ၁၅၀ သို့ ပြေးဆွဲလျက် ရှိသည်။

 .

3. CMA CGM - 1,587,000 TEU

 CMA CGM မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၄၇% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

သက်တမ်း နှစ် ၄၀ ရှိပြီဖြစ်ပြီး ချာတာအငှားနှင့် ကုမ္ပဏီ နှစ်ရပ်ပေါင်း TEU  စုစုပေါင်းပမာဏ ကမ္ဘာ့ ဒုတိယအများဆုံးကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။

.

4. COSCO Shipping Lines - 1,568,800 TEU

 COSCO မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၅၅% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

တရုတ်နိုင်ငံမှ ကွန်တိန်နာသင်္ဘောလိုင်း COSCO သည် ချာတာအငှားနှင့် ကုမ္ပဏီ နှစ်ရပ်ပေါင်း ကွန်တိန်နာသင်္ဘော အစီးရေ ၄၈၀ ကျော်ဖြင့် ဆိပ်ကမ်း ၇၅၀ ကျော်ကို ပြေးဆွဲလျက် ရှိသည်။ ကုန်သွယ်ရေကြောင်းလမ်း ၄၀၀ ကျော်ဖြင့် နိုင်ငံ ၁၄၀ ဝန်းကျင်ကို ပြေးဆွဲပါသည်။

 .

5. Hapag Lloyd AG - 1,111,400 TEU

 Hapag-Lloyd မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၆၂% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

ဂျာမနီမှ ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd သည် အတ္တလန္တိတ်ဖြတ်ကျော်၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနှင့် အမေရိကန်တို့မှ  ကုန်သွယ်ရေကြောင်းလမ်းများတွင် ကမ္ဘာ့အဓိက ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။

ကွန်တိန်နာသင်္ဘော စီးရေ ၂၅၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိပါသည်။ တစ်နှစ်လျှင် TEU ၁၂ သန်း ပို့ဆောင်ပေးပါသည်။ 

.. 

6. Evergreen Marine Corporation - 927,700 TEU

 Evergreen မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၅၇% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

 ထိုင်ဝမ်အခြေစိုက် Evergreen ကွန်တိန်နာသင်္ဘောလိုင်းကို ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် Dr. Yung-Fa Chang က ထူထောင်ခဲ့ပါသည်။  ကွန်တိန်သင်္ဘော ခေတ်ကျပ်ကာလများကို ဖြတ်သန်းပြီး ဆက်လက်ရပ်တည်နိုင်ခဲ့သည့်အပြင် ပိုမို ကြီးမားလာခဲ့ပါသည်။ ယခုအခါ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောကြီးများ အပါအဝင် စီးရေ ၁၆၀ ကျော်ဖြင့် ပြေးဆွဲလျက် ရှိပါသည်။

.

7. Ocean Network Express Holdings, Ltd. (ONE) - 787,600 TEU

 ONE မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၅၂% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

စင်ကာပူတွင် အခြေစိုက်သည့် ဂျပန်ကွန်တိန်နာ သင်္ဘောလိုင်းဖြစ်ပါသည်။ ဂျပန်သင်္ဘောလိုင်းများ ဖြစ်သည့် Nippon Yusen Kaisha, Mitsui O.S.K. Lines, K Line တို့က ဖက်စပ်လုပ်ငန်း ONE ကို ၂၀၁၇ တွင် စတင်ခဲ့ကြသည်။

ONE ၏ စုစုပေါင်း TEU မှာ ၁.၄ သန်း ဖြစ်ပါသည်။

 .

8. HMM - 555,900 TEU

 HMM မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၆၈% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

တောင်ကိုရီးယားမှ ကွန်တိန်နာသင်္ဘောလိုင်း HMM ၏ စုစုပေါင်း TEU မှာ ၈၂၀,၀၀၀ ဖြစ်ပါသည်။

.

9. Wan Hai - 345,100 TEU

 Wan Hai မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၇၉% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

 ထိုင်ဝမ်မှ Wan Hai Lines သည် ထိုင်ဝမ်၊ ဂျပန်နှင့် အရှေ့တောင်အာရှတို့တွင် သစ်လုံးပို့ဆောင်ရေးကုမ္ပဏီတစ်ခုအဖြစ် ၁၉၆၅ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ကွန်တိန်နာသင်္ဘောလိုင်း အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။

 .

10. Yang Ming - 216,300 TEU

 Yang Ming မှ ပြေးဆွဲနေသော သင်္ဘောများအားလုံး၏ TEU စုစုပေါင်းတွင် ၃၁% မှာ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ၏ TEU  စုစုပေါင်းပမာဏ ဖြစ်ပါသည်။ 

 ထိုင်ဝမ်မှ Yang Ming Marine Transport Corporation ကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် ထူထောင်ခဲ့သည်။

ကွန်တိန်နာသင်္ဘော ၉၄ စီးဖြင့် ပြေးဆွဲနေပြီး စုစုပေါင်း ၇၁၅,၀၀၀ TEU ရှိသည်။

 

Myanmar Logistics Guide တွင် ဖော်ပြထားသော မြန်မာနိုင်ငံမှ ကွန်တိန်နာ ဝန်ဆောင်မှုလုပ်ငန်း ၁၀၅ ကို 

အောက်ပါလင့်တွင် တွေ့နိုင်ပါသည်။

https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html

 

ကွန်တိန်နာသင်္ဘောလိုင်း ဗီဒီယို မှတ်တမ်းများ 

 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)