Containers

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောအသစ် MSC Tessa ကို MSC ရယူ

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောအသစ်  MSC Tessa ကို MSC ရယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ သင်္ဘောအသစ် တည်ဆောက်ရေးလုပ်ငန်း Hudong-Zhonghua Shipbuilding Group သည် MSC Mediterranean Shipping Company ထံသို့ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောအသစ်တစ်စီးဖြစ်သည့် MSC Tessa ကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

.

MSC Tessa သည် 24,000 TEU အရွယ်အစားကို ကျော်လွန်သည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော အနည်းငယ်များထဲမှာ ပါဝင်ပြီး MSC ၏ ရေယာဉ်စုတွင် ၎င်းအရွယ်အစား ပထမဆုံးကွန်တိန်နာသင်္ဘော ဖြစ်သည်။

.

MSC Tessa သည် 24,116 TEU အရွယ်အစားဖြစ်ပြီး  Evergreen ၏ 24,004 TEU A-class သင်္ဘောများ၏ အရွယ်အစားကို ကျော်လွန်သွားပါသည်။

Evergreen ၏ 24,000+ TEU အရွယ်အစား ပထမဆုံး ကွန်တိန်နာသင်္ဘောမှာ Ever Alot ဖြစ်ပါသည်။

.

မကြာသေးခင်က တည်ဆောက်ပြီးစီး လွဲပြောင်းပေးအပ်ခဲ့သည့် 24,118 TEU အရွယ်အစားရှိသည့် ကွန်တိန်နာသင်္ဘော OOCL Spain သည်လည်း Ever Alot ထက် အရွယ်အစား ပိုကြီးမားပါသည်။ 

OOCL Spain ကို တရုတ်နိုင်ငံ Nantong ရှိ Nantong COSCO KHI Ship Engineering သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည်။ ၎င်းအရွယ်အစား ၆ စီး တည်ဆောက်လျက်ရှိရာ၌ ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် ကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။

 

photo_2023-03-11_14-32-44.jpg

.

MSC Tessa ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ Hudong-Zhonghua Shipbuilding သင်္ဘောကျင်းတွင် တည်ဆောက်နေစဉ်

Photo courtesy CSSC.

.

.

MSC Tessa သည် အလျား ၃၉၉.၉၉ မီတာရှိပြီး အကျယ် ၆၁.၅ မီတာရှိသည်။

၎င်းအရွယ်အစား ကွန်တိန်နာသင်္ဘော ၄ စီး အသစ်တည်ဆောက်ပေးရန် MSC က Hudong Zhonghua ထံ အမှာစာ ပေးအပ်ထားသည့်အနက် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် ကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။

 

MSC သည် ယခုအခါတွင် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။

.

MSC သည် MSC Tessa ထက် အရွယ်အစား ပိုကြီးသည့် ကွန်တိန်နာသင်္ဘောများ အသစ်များ တည်ဆောက်ရန် တရုတ်နိုင်ငံမှ Yangzijiang Shipbuilding ထံတွင် အမှာစာများချထားပါသည်။ ၆ စီး မှာကြားထားရာ၌ ပထမဆုံး နှစ်စီးမှာ MSC Irina နှင့် MSC Loreto တို့ဖြစ်ပြီး 24,346 TEU အရွယ်အစား ဖြစ်ကြပါသည်။

.

 Hudong-Zhonghua Shipbuilding သည် China State Shipbuilding Corporation CSSC ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါသည်။

Source gcaptain 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)