လေခွင်းနံရံတပ်ဆင်ထားသည့် အကြီးစား ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်း ONE အမှာစာချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အကြီးစား ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်း အမှာစာ ချထားပြီး ဖြစ်ကြောင်း Ocean Network Express Pte. Ltd (ONE) က ထုတ်ပြန်ကြေညာပါသည်။
အဆိုပါ ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်းမှာ 13,700 TEU အရွယ်အစားဖြစ်ပြီး ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်တို့တွင် လွှဲပြောင်း ရယူမည် ဖြစ်သည်။
ဤအမှာစာအသစ်သည် ၂၀၂၂ ခုနှစ် မတ်လတွင် ကြေညာခဲ့သော ကုမ္ပဏီ၏ ကာလလတ်မဟာဗျူဟာနှင့်အညီ အမှာစာ ချခြင်း ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် မေလတွင် ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်း အမှာစာ ချခဲ့ပြီး ယခု နောက်ထပ် ၁၀ စင်း ထပ်မံ မှာကြားခြင်း ဖြစ်ပါသည်။
ONE ချမှတ်ထားသော မဟာဗျူဟာအရ ကွန်တိန်နာ ပို့ဆောင်ရေး ဝန်ဆောင်မှု ဈေးကွက်အတွင်း ကာလတိုအတက်အကျများက အဟန့်အတား မဖြစ်စေဘဲ ခေတ်မီဆန်းသစ်သော ကွန်တိန်နာသင်္ဘောအသစ်များ ပုံမှန်ဖြည့်တင်းသုံးစွဲ သွားမည် ဖြစ်သည်။
ကုမ္ပဏီသည် ၎င်း၏ ကွန်တိန်နာသင်္ဘောများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားတောင့်တင်းနေစေရန်နှင့် ထိရောက်ပြီး ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက် ထိန်းသိမ်းခြင်းဖြင့် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။
.
ကွန်တိန်နာသင်္ဘောအသစ် ၁၀ စင်းသည် မီသနောနှင့် အမိုးနီးယား လောင်စာကို သုံးစွဲမည် ဖြစ်သည်။ သင်္ဘောဦးတွင် လေခွင်းနံရံ တပ်ဆင်ထားမည် ဖြစ်သည်။
Source: Ocean Network Express
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U