Containers

MSC ကမ္ဘာ့အကြီးဆုံး မီဂါ ကွန်တိန်နာသင်္ဘောအသစ်များ ပထမဆုံး ခရီးစဉ် စတင်ပြေးဆွဲ

MSC ကမ္ဘာ့အကြီးဆုံး မီဂါ ကွန်တိန်နာသင်္ဘောအသစ်များ ပထမဆုံး ခရီးစဉ် စတင်ပြေးဆွဲ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့အကြီးဆုံး မီဂါကွန်တိန်နာသင်္ဘော MSC Irina သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်၊ ချင်းတောင်ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ခံမှ မတ်လ ၂၃ ရက် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးခရီးကို စတင်ဖို့ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပါတယ်။

MSC Irina ရဲ့ ပထမဆုံး ခရီးစဉ်အတွက် ချင်းတောင်ဆိပ်ကမ်းမှာ ကွန်တိန်နာများ သင်္ဘောပေါ် တင်ခဲ့ပါတယ်။

MSC Irina ကို တရုတ်ပြည်တွင် တည်ဆောက်ခဲ့ပါတယ်။

TEU 24,346 တင်ဆောင်နိုင်ပြီး အလျား မီတာ ၄၀၀ နီးပါး၊ အကျယ် ၆၁.၃ မီတာ ရှိပါတယ်။

 

photo_2023-03-27_22-48-27.jpg

.

MSC Irina ပထမဆုံး ခရီးစဉ် စတင်တဲ့ မတ်လ ၂၃ ရက်မှာ MSC Celestino Maresca ကို လက်ခံရယူခဲ့ပါတယ်။ 

MSC Celestino Maresca ကို Bank of Communications Financial Leasing Co. က မှာကြားခဲ့ပြီး Mediterranean Shipping Company (MSC) ကို အငှားချာတာ ငှားရမ်းပါတယ်။

ကွန်တိန်နာသင်္ဘောအသစ် MSC Tessa စတင်ပြေးခဲ့တာ တစ်ပတ်အကြာမှာ MSC Celestino Maresca က MSC ရဲ့ ရေယာဉ်စုမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

နှစ်စီးစလုံး အကြီးစား ကွန်တိန်နာသင်္ဘော Ultra Large Container Vessel ULCV များ ဖြစ်ပါတယ်။ ဥရောပ ခရီးစဉ်များ ပြေးဆွဲကြမှာ ဖြစ်ပါတယ်။

.

Asia General Holding

Advertisement

Click Here > Asia General Holding

MSC Tessa က မတ်လ ၁၆ ရက်မှာ ပထမဆုံး ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ Lion လမ်းကြောင်းလို့ အမည်ပေးထားတဲ့ ပုံမှန်ခရီးစဉ်ကို ပြေးဆွဲတာ ဖြစ်ပြီး တရုတ်မှ ပေါ်တူဂီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ယူကေနှင့် မော်ရိုကိုသို့ သွားရောက်မှာ ဖြစ်ပြီး ထို့နောက် ဥရောပ အာရှသို့ ပြန်လာမှာ ဖြစ်ပြီး စင်ကာပူမှတစ်ဆင့် တရုတ်ပြည်သို့ ပြန်လည်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

 

photo_2023-03-27_22-40-34.jpg

.

MSC Celestino Maresca က မတ်လ ၃၀ မှာ ပထမဆုံးခရီးစဉ် စတင်ပါမယ်။ MSC Raya က ဧပြီလ ၁၄ ရက်မှာ ပထမဆုံး ခရီးစဉ် စတင်ပါမယ်။

.

MSC Irina က Jade လမ်းကြောင်းလို့ အမည်ပေးထားတဲ့ ခရီးစဉ်ကို ပြေးဆွဲမှာဖြစ်ပြီး တရုတ်မှ ဥရောပတောင်ပိုင်းရှိ ဆိပ်ကမ်းများသို့ သွားရောက်မှာ ဖြစ်ပါတယ်။ 

.

MSC က ULCV အသစ်များဖြင့် ပြေးဆွဲဖို့ အစီအစဉ်ရှိပြီး လစဉ် ULCV အသစ် တစ်စီး သို့မဟုတ် နှစ်စီး ရရှိသွားမှာ ဖြစ်ပါတယ်။

တည်ဆောက်လက်စ ULCV အသစ် ၁၄ စီး ရှိပါတယ်။ အားလုံး အရွယ်အစား အတူတူ ဖြစ်ပါတယ်။ အလျား ၁,၃၁၂ ပေ ရှိပြီး အနည်းဆုံး 24,116 TEU တင်ဆောင်နိုင်ပါတယ်။

.

MSC Celestino Maresca ကို China State Shipbuilding Corporation - CSSC ရဲ့ Hudong-Zhonghua Shipbuilding Group က ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ Changxing သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့ပါတယ်။

.

CSSC က ပြီးခဲ့တဲ့ ၉ လအတွင်း ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောများ ၅ စီး တည်ဆောက်ပြီးစီးခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

 Source en.people

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)