CMA CGM သည် ယခုနှစ် ကွန်တိန်နာ စင်းလုံးငှားဈေးးကွက်ကို လွှမ်းမိုးထား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာသင်္ဘောလိုင်း Mediterranean Shipping Co (MSC) သည် ကွန်တိန်နာသင်္ဘော အရောင်းအဝယ်နယ်ပယ်တွင် ကြီးစိုးထားစဉ် CMA CGM သည် ချာတာအငှားနယ်ပယ်တွင်လည်း ထိပ်ဆုံးမှာ ရောက်ရှိနေသည်။
.
ယခုနှစ် ၂၀၂၃ ခုနှစ် လပိုင်းအတွင်း ကွန်တိန်နာသင်္ဘော ချာတာအငှား စီးရေအားလုံး၏ ၂၀% ကျော်သည် CMA CGM နှင့် ဆက်နွှယ်နေပါသည်။
.
ပွဲစားလုပ်ငန်း Braemar အဆိုအရ CMA CGM နောက်ဆုံးငှားရမ်းခဲ့သည့် ကွန်တိန်နာသင်္ဘောမှာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် 9,612 teu အရွယ်အစား Akadimos ဖြစ်ပြီး တစ်ရက် $47,250 နှုန်းထားဖြင့် ငှားရမ်းသည်။
.
ပြင်သစ်နိုင်ငံ မာဆေးမြို့ အခြေစိုက် CMA CGM ပြေးဆွဲနေသည့် ကွန်တိန်နာသင်္ဘောများ၏ ၏ စုစုပေါင်း teu မှာ ၃.၄ သန်း ရှိပြီး ၅၁% မှာ ချာတာအငှားဖြင့် ရယူထားခြင်း ဖြစ်သည်။
.
ကွန်တိန်နာချာတာအငှားဈေးကွက်တွင် ချာတာငှားရမ်းမှုများ ဆက်လက်များပြားနေသဖြင့် ချာတာငှားရမ်းခများ မြင့်တက်လာနိုင်ကြောင်း၊ အငှားစာချုပ် သက်တမ်း ၁၂ လသည် ပုံမှန်ဖြစ်လာကြောင်း Braemar ၏ နောက်ဆုံးထုတ် အပတ်စဉ်သတင်းလွှာတွင် ဖော်ပြထားသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U