OOIL ၂၀၂၂ တွင် အမြတ် ဒေါ်လာ ၁၀ ဘီလီယံ ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဟောင်ကောင် စတော့အိပ်ချိန်း စာရင်းဝင် Orient Overseas International Limited (OOIL) သည် ၂၀၂၂ ခုနှစ်အတွက် အလွန်ကြီးမားသောအမြတ်အစွန်းကို ရရှိခဲ့သည်။
.
ကွန်တိန်နာသင်္ဘောလိုင်း OOCL ကို လုပ်ကိုင်သည့် OOIL သည် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉.၈၂ ဘီလီယံ ဝင်ငွေ ရရှိခဲ့သည်။ အမြတ် ကန်ဒေါ်လာ ၉.၉၆၅ ဘီလီယံ ရရှိခဲ့သည်။
.
OOIL သည် ကွန်တိန်နာသင်္ဘောအသစ်များ ဖြည့်တင်းရန် Cosco ၏ သင်္ဘောကျင်းများတွင် ကွန်တိန်နာသင်္ဘောအသစ် 23,000 teu အရွယ်အစား ၇ စီး မှာကြားထားပါသည်။
.
OOIL သည် Cosco Shipping Group ၏ လုပ်ငန်းများနှင့်အတူ ပူပေါင်းလုပ်ဆောင်သဖြင့် အကျိုးထိရောက်ခြင်း၊ ကမ္ဘာ့ဈေးကွက် လက်လှမ်းမီခြင်း ပိုမိုကျယ်ပြန့်ခြင်း၊ ကုန်ကျစရိန်များ ချွေတာနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိသည့်အတွက် ဝင်ငွေ မြင့်မားပြီး အမြတ် ပိုမိုရရှိပါသည်။
.
၂၀၂၃ ပထမနှစ်ဝက်တွင် ကွန်တိန်နာသင်္ဘောကဏ္ဍအတွက် အခြေအနေ အပြောင်းအလဲကို မမြင်ကြောင်း၊ အခက်အခဲများ ရှိနေဦးမည်ဖြစ်ကြောင်း၊ တိုးတက်ကောင်းမွန်ရန် အလားအလာမှာ ၂၀၂၃ ဒုတိယနှစ်ဝက်မှသာ ဖြစ်ကြောင်းဖြစ်လာနိုင်ကြောင်း OOIL က မျှော်တွေးထားပါသည်။
၂၀၁၈ နောက်ပိုင်း သင်္ဘောအသစ် ဖြည့်တင်းခြင်း ပထမဆုံးအကြိမ်အဖြစ် OOIL က သင်္ဘောအသစ် ၅ စီး လက်ခံရယူခဲ့သည်။
24,188teu အရွယ်အစား မီဂါကွန်တိန်နာသင်္ဘော OOCL Spain အပြင် နောက်ထပ် ကွန်တိန်နာသင်္ဘောအသစ် ၂၈ စီးတို့ကို လာမည့် ၅ နှစ်အတွင်း ရရှိမည် ဖြစ်သည်
၇ စီးမှာ တည်ဆောက်လက်စဖြစ်ပြီး လောင်စာဆီနှင့် မီသနော နှစ်မျိုးသုံး သင်္ဘောများ ဖြစ်ပါသည်။
Source seatrade-maritime
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U